လိဂ်ဖလား ၄မျိုးယူပြီး ဘက်ခမ်း စံချိန်တင်



ပီအက်စ်ဂျီနှင့်အတူ လီဂူး-၁ဖလား ဆွတ်ခူးခဲ့သော ကွင်းလယ်လူ ဒေးဗစ်ဘက်ခမ်းမှာ မတူညီသော လိဂ်ပြိုင်ပွဲ ၄ခုတွင် ချန်ပီယံ ၄ကြိမ် ဖြစ်ခဲ့သည့် ပထမဆုံး အင်္ဂလိပ်ကစားသမား
ဖြစ်လာခဲ့သည်။ ဘက်ခမ်းမှာ မန်ယူနှင့်အတူ ပရီးမီးယားလိဂ်ဖလား၊ ရီးရဲလ်နှင့်အတူ လာလီဂါဖလား၊ ဂလက်ဆီနှင့်အတူ မေဂျာလိဂ်
ဖလား ရရှိထားခဲ့ကာ ပီအက်စ်ဂျီနှင့်အတူ လီဂူး-၁ဖလား ရခဲ့သောကြောင့် လိဂ်ဖလား ၄မျိုးရခဲ့သည့် ပထမဆုံး အင်္ဂလိပ်ကစားသမား
ဖြစ်လာခဲ့သည်။

ပီအက်စ်ဂျီမှာ ၁၉နှစ်အတွင်း ပထမဆုံးအကြိမ် လီဂူး-၁ဖလား ရရှိခဲ့ခြင်း ဖြစ်သော်လည်း ဗလင်စီးနန့်နှင့် သရေကျခဲ့သောပွဲတွင် ကွင်းလယ်ဒိုင်ကို ရန်ပြုခဲ့သော အသင်းဒါရိုက်တာ လီယိုနာဒိုကြောင့် ၂မှတ်လျှော့ပြစ်ဒဏ် ချမှတ်ခံရပါက လက်ကျန်ပွဲစဉ်များတွင် ၁မှတ်ရရန် ကြိုးပမ်းရဦးမည်ဖြစ်သည်။
http://yoyarlay.com/sport/football/35547-2013-05-13-18-43-05


SHARE THIS
Previous Post
Next Post