Showing posts with label အားကစားသတင်း. Show all posts

မြောင်း​ဘွေ - ​ဘောလုံးပြိုင်​ပွဲ ဗိုလ်​လုပွဲ၌ ကျိန်းရိပ်​​​မြေ FC အသင်းနှင့်​ ​မြောက်​ဦးလက်​​ရွှေးစင်​ အသင်းတို့ ​တွေ့ ဆုံ

(Local Sport News)
Feb 25 , 2016

ရခိုင်​ပြည်​နယ်​ ၊ ​မြောက်​ဦးမြို့ နယ်​ ၊ ​မြောင်း​ဘွေစံပြ​ကျေးရွာတွင်​ ယခုကျင်းပပြုလုပ်​​နေ​သော ​မြောင်း​ဘွေ-ဘုန်းကြီးပျံဈာပနဒိုင်း​ဘောလုံးပြိုင်​ပွဲ ​နောက်​ဆုံးဗိုလ်​လုပွဲ၌ မင်းပြားအ​ခြေစိုက်​ ကျိန်းရိပ်​​မြေ FC အသင်းနှင့်​ ​မြောက်​ဦးလက်​​ရွှေးစင်​ အသင်းတို့ ​တွေ့ ဆုံကာ ယှဉ်​ပြိုင်​ရမည်​ဖြစ်​​ကြောင်း သိရသည်​။

အဆိုပါ ဗိုလ်​လုပွဲကို ​မြောင်း​ဘွေ​ကျေးရွာ ​ဘောလုံးကွင်း၌ မနက်​ဖြန်​ ​ဖေ​ဖေါ်ဝါရီလ ၂၆ ရက်​​နေ့ ၊ ည​နေ (၄)နာရီအချိန်​တွင်​ ယှဉ်​ပြိုင်​ကစားကြမည်​ဖြစ်​​ကြောင်း သိရပြီး အဆိုပါ ဗိုလ်​လုပွဲသို့ ပရိသတ်​များ လာ​ရောက်​အား​ပေးကြရန်​ ကျိန်းရိပ်​​မြေ FC အသင်းမှ အသင်း​ခေါင်း​ဆောင်​ ကို​အောင်​လင်းထွန်းက ​ဖိတ်​​ခေါ်ထား​ကြောင်း မင်းပြား-သတင်းတွင်​ ​ဖော်​ပြထားသည်​ကို ​တွေ့ရသည်​။

 "ကျွန်တော်တို့ ဘောလုံးအသင်းဟာ မြောက်ဦးမြို့နယ် မြောင်းဘွေရွာ ဘောလုံးကွင်းမှာ ပြိုင်ဘက် မြောက်ဦး ဘောလုံးအသင်းနဲ့ နောက်ဆုံး ဗိုလ်လုရမှာ ဖြစ်တဲ့အတွက် ကိုယ့်မြို့/နယ်က ပရိတ်သတ်တွေ လာရောက်ကြည့်ရှု အားပေးမှု အရမ်းလိုအပ်နေပါတယ်။ " ဟု အသင်းခေါင်းဆောင် ကိုအောင်လင်းထွန်း၏ ​ပြောကြားချက်​ကို မင်းပြား-သတင်းတွင်​ ​ဖော်​ပြထားသည်​။

အဆိုပါ ​ဘောလုံးပြိုင်​ပွဲကို ​မြောင်း​ဘွေ​ကျေးရွာ ဈာပနပွဲဖြစ်​​မြောက်​​ရေး​ကော်​မတီမှ စီစဉ်​ကျင်းပခြင်းဖြစ်​ကာ ဗိုလ်စွဲသည့်​ အသင်းသည်​ ဆု​ငွေ ကျပ်​ ၁၀ သိန်းတိတိကို ရရှိမည်​ဖြစ်​​ကြောင်း သိရပြီး အဆိုပါပြိုင်​ပွဲသို့ မင်းပြားမြို့နယ်​နှင့်​ ​မြောက်​ဦးမြို့နယ်​ရှိ ​ကျေးရွာများမှ ​ဘောလုံးအသင်းများ ဝင်​​ရောက်​ယှဉ်​ပြိုင်​ခဲ့ကြ​ကြောင်း သိရသည်​။

မောင်​ကာကြီး (​လေးမြို့ )
ဓာတ်​ပုံ -​အောင်​​ဇော်​ဟိန်း(ကျိန်းရိပ်​​​မြေ FC)
"ရွန်နီအနေဖြင့် လန်ဒန်တွင်ခြေစွမ်းပြနိုင်ရုန်းကန်ရလိမ့်မည်ဖြစ်ကြောင်း တိုနီအဒမ် သတိပေး"

အာဆင်နယ်အသင်း ဂန္ထ၀င်တိုက်စစ်မှူး တိုနီအဒမ်က မန်ယူတိုက်စစ်မှူးရွန်နီမှာ လန်ဒန်တွင်ခြေစွမ်းပြနိုင်ရန်ရုန်းကန်ရလိမ့်မည်ဖြစ်ကြောင်း သတိပေးသွားခဲ့သည်။ ရွန်နီကို လန်ဒန် အခြေစိုက်ကလပ်အသင်းများဖြစ်သည့် အာဆင်နယ်အသင်းနှင့် ချဲလ်ဆီးတို့က ခေါ်ယူရန်စိတ်စားနေသည့် အချိန်တွင် အဒမ်ကယခုကဲ့သို့ပြောကြားသွားခဲ့ခြင်းဖြစ်သည်။

အဒမ်က ရွန်နီအနေဖြင့် မန်ချက်စတာမြို့တွင်အနေကြာလာပြီဖြစ်၍ လန်ဒန်မြို့၏ လူနေမှုပုံစံနှင့် အသားမကျမည်ကိုစိုးရိမ်ကာ သူ၏အတွေ့အကြုံများနှင့်ယှဉ်၍ပြောကြားသွား ခဲ့ခြင်း လည်းဖြစ်သည်။ အဒမ်သည် အာဆင်နယ်အသင်းတွင်ကစားခဲ့သည့် 19နှစ်တာကာလအတွင်း ယမကာလုလင်မဖြစ်လာစေရေးအတွက်တိုက်ပွဲဝင်ခဲ့ရသူလည်းဖြစ်သည်။

အသက်(46)နှစ်အရွယ်ရှိ အဒမ်က " အရိုးသားဆုံးပြောရမယ်ဆိုရင် ရွန်နီလန်ဒန်မှာအသားကျဖို့ဆိုတာ မသေချာပါဘူး။ သူရဲ့ပင်ကိုယ်စရိုက်နဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာကြောင့် အ ဆင်ပြေမှာ မဟုတ်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ လန်ဒန်မြို့မှာ မတူညီတဲ့ခြားနားတဲ့ စရိုက်အမျိုးမျိုးနဲ့ လူတွေရောကစားသမားတွေရော ရှိနေတာပါ " ဟုပြောကြားသွားခဲ့ သည်။

ရွန်နီမှာ မေးခွန်းထုတ်စရာမလိုသည့် စူပါကစားသမားတစ်ဦးဖြစ်ခြင်းကြောင့် အာဆင်နယ်အသင်းသို့ရောက်လာမည်ဆိုပါက ကြိုဆိုပါကြောင်း ၊ နည်းစနစ်ပိုင်းအရလည်းကောင်းမွန် သည့် ကစားသမားတစ်ဦးဖြစ်ကြောင်းပြောကြားခဲ့သည်။ သို့သော် သူ၏စိတ်ဓာတ်ပိုင်းကြောင့် အာဆင်နယ်အသင်းသို့ ရောက်လာရန် မသေချာကြောင်းပြောကြားခဲ့သည်။

အဒမ်က " လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း ဖာဂူဆန်ဟာရွန်နီကို ထူးချွန်ပြောင်မြောက်တဲ့ထိပ်တန်းကစားသမားတစ်ဦးဖြစ်အောင် သွန်သင်နိုင်ခဲ့တယ်ဆိုတာ ကျွန်တော် သိပါတယ်။ အာစင်ဝင်းဂါးဟာ လည်းရွန်နီကို ကောင်းကောင်းထိန်းချုပ်ကိုင်တွယ်နိုင်ပါတယ်။ ဒါပေမယ့် အာဆင်နယ်အသင်းကိုသူရောက်လာဖို့ကမသေချာပါဘူး။ သူ့အတွက် သုံး ရမယ့် ပြောင်းရွှေ့ကြေးဟာ များပြားလွန်းနေပါတယ် " ဟုပြောကြားသွားခဲ့သည်။

ထို့အပြင်အဒမ်က ရီးရဲလ်အနေဖြင့် ရွန်နီကို ခေါ်ယူရန်ကြိုးစားလာမည်ကိုလည်းစိုးရိမ်မိကြောင်းပြောကြားခဲ့သည်။ အဒမ်က " ရီးရဲလ်အနေနဲ့ ရွန်နီကိုခေါ်ဖို့ စိတ်ဝင်စားလာမှာကို ကျွန်တော်စိုးရိမ်မိပါတယ်။ ရီးရဲလ်လိုအသင်းနဲ့ ကစားသမားတစ်ဦးကို အပြိုင်ခေါ်ဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ လိဂ်တစ်ခုမှာဗိုလ်စွဲဖို့ဆိုရင် လိဂ်မှာရှိတဲ့ အကောင်းဆုံးကစားသ မားတွေ ကို လိုအပ်ပါတယ် " ဟုပြောကြားခဲ့သည်။

source:thesun.co.uk

~chan mon~

မြန်မာလူငယ် အသင်းနှင့် မလေးရှား (ခ) အသင်းတို့ သရေကျ

Sunday, June 23, 2013

အာဆီယံလူငယ် ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ ပွဲစဉ်(၅) အဖြစ် မြန်မာ လူငယ် အသင်းနှင့် မလေးရှား (ခ)အသင်းတို့ ယနေ့ ညနေ ၄ နာရီက အောင်ဆန်းကွင်းတွင် ယှဉ်ပြိုင် ကစားကြရာ တစ်ဖက်တစ်ဂိုး စီဖြင့် သရေကျခဲ့သည်။

အိမ်ရှင် မြန်မာအသင်းမှာ ပွဲချိန်မိနစ် ၉ဝ အထိ ရှုံးနိမ့်နေသော်လည်း နာကျင် အချိန်ပိုတွင် သွင်းယူခဲ့သော နောက်ကျ ချေပဂိုးဖြင့် သရေတစ်မှတ် ရရှိခဲ့ခြင်း ဖြစ်သည်။ ပွဲအစ နှစ်မိနစ်မှာပင် ဇူစလီက မလေးရှား အတွက် ဂိုးစတင်သွင်း ယူခဲ့ပြီး မြန်မာအသင်း အတွက် ချေပဂိုးကို ကျော်ဇင်ဦးက သွင်းယူခဲ့သည်။ မြန်မာအသင်းမှာ ခြေအသာဖြင့် ကစား နိုင်သော်လည်း အဆုံးသတ်ဂိုးသွင်း မသေချာ၍ သရေ တစ်မှတ်သာ ရရှိခဲ့ခြင်း ဖြစ်သည်။

မြန်မာအသင်းသည် ယင်းပြိုင်ပွဲတွင် အုပ်စု(ခ)၌ ပါဝင်နေပြီး ငါးပွဲကစား အပြီးတွင် တစ်ပွဲနိုင်၊ သုံးပွဲသရေ၊ တစ်ပွဲရှုံး ခြောက်မှတ် ရရှိထားသည်။ အဖွင့်ပွဲစဉ်တွင် အင်ဒိုနီးရှားကို ၃ ဂိုး- ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ဖိလစ်ပိုင်ကို ၄ ဂိုး- ၁ ဂိုးဖြင့် ပြန်လည် အနိုင်ရရှိ ခဲ့သည်။ ဘရူ နိုင်းနှင့် ၂ ဂိုးစီ သရေ၊ လာအိုနှင့် ၁ ဂိုး စီသရေ၊ ယခု မလေးရှားကို ၁ ဂိုးစီ သရေကျ ထားခြင်း ဖြစ်သည်။ မြန်မာအသင်းသည် ဇွန် ၂၉ ရက်တွင် မလေးရှား (ခ)အသင်းနှင့် အဝေးကွင်း ပွဲစဉ် ယှဉ်ပြိုင် ရမည် ဖြစ်သည်။

မြ၀တီ

၂ဝ၁၄ ဖီဖာ ကမ္ဘာ့ဖလား ပွဲအတွက် နေရာ တစ်နေရာရရှိခဲ့ ပြီဖြစ်သော အီရန် အသင်း

အီရန် အသင်းသည် ဇွန် ၁၈ ရက်က ကစားခဲ့သော ကမ္ဘာ့ဖလား အုပ်စုပတ်လည် ပွဲစဉ်တွင်   တောင်ကိုရီးယား အသင်းအား ၁ဂိုး-ဂိုးမရှိဖြင့် အနိုင် ရရှိခဲ့ပြီးနောက် ဘရာဇီးတွင် ကျင်းပမည့် ၂ဝ၁၄ ဖီဖာ ကမ္ဘာ့ဖလားပွဲ
အတွက် နေရာတစ်နေရာ ရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။
Ulsan World Cup ကွင်း၌ ကျင်းပသော ၎င်းပွဲစဉ်တွင် အိမ်ရှင် တောင်ကိုရီးယား အသင်းသည် ပွဲချိန် ပထမ ပိုင်းတွင် တစ်လျှောက်လုံး လွှမ်းမိုး ကစားနိုင်ခဲ့သည်။
သို့သော် ကိုရီးယားအသင်းသည် အီရန်အသင်း၏ နောက်တန်းကို ကောင်းစွာ မထိုးဖောက်နိုင် ခဲ့ပေ။ အီရန်အသင်းသည် ပွဲချိန် ဒုတိယပိုင်းရောက်မှ ပိုမိုဖိ ကစားလာခဲ့ပြီး ပွဲအရှိန်မှာလည်း ပိုမို ကောင်းလာခဲ့ခြင်း ဖြစ်သည်။ အီရန်အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် မိနစ် ၆ဝ တွင် တိုက်စစ်မှူး ရီဇာကော့ ချန်နီဂျက်က သွင်းယူခဲ့ခြင်း ဖြစ်သည်။ ယခုပွဲစဉ် အပြီးတွင် အီရန်အသင်းသည် ၂ဝ၁၄ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အုပ်စုအေ၏ ထိပ်ဆုံးတွင် အခိုင်အမာ နေရာယူနိုင်ခဲ့ကြောင်း သိရသည်။      
မြ၀တီ
      
ကစားသမားသစ် ခေါ်ယူမှုတွင် မော်ရင်ဟို အာရုံစိုက်မည်

ချဲလ်ဆီးနည်းပြ မော်ရင်ဟိုက အပြောင်းအရွှေ့ ဈေးကွက်တွင် စနစ်တကျ လုပ်ဆောင်ရမည်ဟု ဆိုသည်။ လာမည့်ရာသီတွင်ယူအီးအက်ဖ်အေ၏ ဘဏ္ဍာရေး သင့်တင့်မျှတမှုစည်းမျဉ်း အကျုံးဝင် လာမည်ဖြစ်သောကြောင့် ယခုကဲ့သို့ ဆိုရခြင်းဖြစ်ကြောင်း မော်ရင်ဟိုက ရှင်းလင်းခဲ့သည်။

ချဲလ်ဆီးမှာ ကာဗာနီ၊ ဟော့ခ်၊ မွန်တိုလီဗို စသည့် နာမည်ကျော် ကစားသမားများကို ခေါ်ရန်ကြိုးပမ်းနေကြောင်း သတင်းထွက်ပေါ်နေသော်လည်း အပြောင်းအရွှေ့ ဆောင်ရွက်မှု မမှားယွင်းရန် အရေးကြီးသည်ဟု မော်ရင်ဟိုက ဆိုခဲ့ပြီး အသင်းဘုတ်အဖွဲ့ဝင်များနှင့် ညှိနှိုင်းတိုင်ပင်ရမည်ဟု ပြောကြားခဲ့သည်။

မော်ရင်ဟိုမှာ ပထမအကြိမ် ချဲလ်ဆီးနည်းပြအဖြစ် ဆောင်ရွက်ခဲ့စဉ်က ပထမရာသီတွင် ပေါင်သန်း ၇၀ အသုံးပြုခဲ့သော်လည်း ယခုအခါတွင် ထိုကဲ့သို့ အသုံးပြုဖွယ်မရှိပေ။ သို့သော် တစ်ကျော့ပြန် ချဲလ်ဆီးနည်းပြအဖြစ် ပထမဆုံး ခေါ်ယူခဲ့သည့် ကစားသမား ရှူရာလီအတွက် ပေါင် ၁၈သန်း ပေးချေခဲ့ရသည်။
YoYarLay

http://yoyarlay.com/sport/football/36169-2013-06-17-18-25-58

အေးချမ်းမွန် Copy & Credit To >YoYarLay < Thank