Written by ကျော်မြတ်ဇံ
ထိုင်းနိုင်ငံ ရနောင်းမြို့ရှိ အနှိပ်ခန်းတစ်ခုသို့ ရောင်းစားခံထား ရသည့် မြန်မာအမျိုးသမီးလေးဦးကို ထိုင်း နှင့်မြန်မာ နှစ်နိုင်ငံ ရဲများက ပူး ပေါင်း၍ကယ်သွားရန် စီစဉ်ဆောင် ရွက်နေကြောင်း သိရသည်။
မြောက်ဥက္ကလာပမြို့နယ်နှင့် လှိုင် သာယာမြို့နယ်များတွင် နေထိုင်သူ ဆယ်ကျော်သက်အရွယ် မြန်မာအမျိုး သမီးလေးဦး သည် ၂၀၁၂ခု ဒီဇင်ဘာ ၂၁ရက်နှင့် ၂၄ရက်တွင် ထိုင်းနိုင်ငံ ရနောင်းမြို့နယ် ရေပူတွင်းလမ်းရှိအနှိပ် ခန်းတစ်ခု တွင် ရောင်းစားခံခဲ့ရပြီး ကာမ ဆိုင်ရာလုပ်ငန်းများ အတင်းအကျပ် စေခိုင်းခံနေရကြောင်းနှင့် ထမင်း မကျွေးဘဲ အခန်းတွင်းပိတ်လှောင်ခြင်းများ ခံနေရကြောင်း ရန်ကုန်တိုင်းလူကုန် ကူးမှုတိုက်ဖျက်ရေး အထူးအဖွဲ့က စုံ စမ်း သိရှိထားကြောင်း သိရသည်။
''သတင်းအရ ရ.က.ရလူကုန် ကူးတိုက်ဖျက်ရေးအဖွဲ့နဲ့ ထိုင်းရဲတပ် ဖွဲ့တွေပူးပေါင်းပြီး အမြန်ဆုံးကယ်သွား နိုင်ဖို့လုပ်နေ ပါတယ်''ဟု ရန်ကုန်တိုင်း လူကုန်ကူးမှုတိုက်ဖျက်ရေး အထူးအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ လက်ရှိ တွင် လူကုန်ကူးမှုကျူး လွန်ခဲ့သူ အမျိုးသမီးအား ဖမ်းဆီးထား ပြီးဖြစ်ကာ အမျိုးသားမှာ ထွက်ပြေး တိမ်းရှောင်နေ ဆဲဖြစ်ကြောင်း လူကုန် ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းတွင် ပါဝင် လုပ်ဆောင်နေသည့် အဆင့်မြင့်အရာ ရှိတစ်ဦး က ပြောသည်။
လူကုန်ကူးမှုဖြစ်စဉ်များနှင့်ပတ်
မြန်မာအမျိုးသမီးလေးဦးကို လူ ကုန်ကူးခဲ့သောအမျိုးသမီးကို လှိုင်သာ ယာရဲစခန်းတွင် (ပ)၁၄၆၉/၁၃ လူ ကုန်ကူးပုဒ်မ၂၄ဖြင့် အမှုဖွင့်ကာ စစ် ဆေးနေကြောင်း သိရသည်။
Posted From Yangon Media Group
SHARE THIS