နိရဉ္စရာ သတင်းဌာန သိစေရန် ဦးကျော်ဆန်းမှ ပေးစာ

နိရဉ္စရာ သတင်းဌာန သိစေရန်

မင်းပြားမြို့တွင် ၁၂-၁-၂၀၁၃ နေ့မှ ၁၅-၁-၂၀၁၃ နေ့ထိ (၄)ရက်တိုင်တိုင်ကျင်းပြပြုလုပ်ခဲ့သည့် Citizen Journalist & Online Media သင်တန်းကို အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါပြီ။ သင်တန်းကျင်းပပြီးစီးသည့်နေ့တွင်ပင် လူကြီးမင်းတို့ သတင်းဌာနမှ သတင်းအမှား ထုတ်ပြန်ခဲ့ခြင်းကြောင့် လွန်စွာမှ စိတ်ပျက်မိပါသည်။ ကျွန်ုပ်ပြောလိုသည်မှာ လူကြီးမင်းတို့ထုတ်ပြန်လိုက်သည့် သတင်းတစ်ပုဒ်ကြောင့် ကျွန်ုပ်တို့အနေဖြင့် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များမှာ များစွာအဟန့်အတားများဖြစ်လာနိုင်မည်ဟု သုံးသပ်မိပါသည်။ ဤသင်တန်းအတွက်လည်း ဌာနဆိုင်ရာမှ ၃ ရက်ကြိုတင် ခွင့်ပြုမိန့်ရရှိထားပြီးဖြစ်ပါ၍ မည်သည့်အဖွဲ့အစည်းမှ လာရောက်ဟန့်တားမှုမျိုးမရှိခဲ့ပါ။ အကြံပြုလိုသည်မှာ လူကြီးမင်းတို့သတင်းဌာနအနေဖြင့် ပြည်ပသတင်းဌာနတစ်ခုဖြစ်သည့်အတွက် ပြည်တွင်းရှိ လက်ရှိအခြေအနေများကို သတင်းရေးသားလိုလျှင် သေချာစွာစုံစမ်းပြီးမှ ရေးသားကြရန်နှင့် ယခုကဲ့သို့ မဆင်မခြင်ရေးမှုမျိုးများဆက်လက်ဖြစ်ပေါ်နေပါလျှင် လူထုအပယ်ခံသတင်းဌာန အဖြစ်သို့ပြောင်းလဲသွားပါလိမ့်မည်ဟု ရှုမြင်မိပါသဖြင့် ဤစာကို ရေးသားလိုက်ရပါသည်။ (ကိုကျော်ဆန်း) CJ & Online Media သင်တန်း ဖြစ်မြောက်ရေး ဦးဆောင်လှုပ်ရှားသူ မင်းပြား by: Kyaw San

SHARE THIS
Previous Post
Next Post