Faecbook ရှာဖွေရေး Feature သစ် Graph Search ကို စတင်မိတ်ဆက်

Facebookအတွက် ရှာဖွေရေး Featureသစ် တစ်ခုဖြစ်သော Graph Searchကို ယခုအခါ စတင် မိတ်ဆက်လိုက်ပြီ ဖြစ်ကြောင်း သိရှိရသည်။ အင်္ဂါနေ့က ကမ္ဘာကျော် Social Network ဝက်ဘ်ဆိုက်ကြီးသည် ၎င်းတို့၏ ကိုယ်ပိုင် ရှာဖွေမှု ကဏ္ဍသစ်ကို စတင်ဖွင့်လှစ်ကြောင်း ကြေညာခဲ့သည်။

မာ့ခ်ဇက်ကာဘာ့ဂ် အနေဖြင့် Facebookတွင် လိုအပ်ချက် တစ်ခုသဖွယ် ဖြစ်နေသော ကွင်းဆက်ကို စတင် ဖြည့်တင်းပေးလိုက်ခြင်းလည်း ဖြစ်သည်။ Facebookကို ကမ္ဘာ့လူဦးရေ (၁)ဘီလျံကျော်က ပုံမှန် သုံးစွဲနေပြီး ဓာတ်ပုံပေါင်း ဘီလျံ (၂၄၀)ကျော်မျှ လွှင့်တင်ခဲ့ကြသည်။ Facebookတွင် အပြန်အလှန် ချိတ်ဆက်မှု Social Graphမှာ (၁)ထရီလျံမျှ ရှိလာခဲ့သည်။

Facebookသည် ၎င်း၏ social network အတွင်းရှိ ဓာတ်ပုံနှင့် အခြား အချက်အလက်များကို အလွယ်တကူ ရှာဖွေစေနိုင်မည့် နည်းလမ်းတစ်ခုအဖြစ် Graph Searchကို ဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်။

"ဒီလို ဓာတ်ပုံတွေ အချက်အလက်တွေကို Facebook မှာ လွယ်လွယ်ကူကူ ရှာဖွေနိုင်ဖို့ ဆိုတာကိုက ခက်ခဲတဲ့ ပြဿနာ တစ်ခု ဖြစ်လာခဲ့ပါတယ်"ဟု ဇက်ကာဘာ့ဂ်က ဆိုသည်။ ၎င်းက "Graph Searchဟာ ခင်ဗျားတို့ဆီက တောင်းဆိုလိုက်တဲ့ ရှင်းလင်းတဲ့ မေးခွန်းတွေအတွက် ရှင်းလင်းတဲ့ အဖြေကို ပြန်ပေးဖို့ ဒီဇိုင်းရေးဆွဲထားတာပါ"ဟု ပြောကြားသွားခဲ့သည်။

Read more http://www.planet.com.mm/news/read.cfm/id/20745

To Join Waiting List for Facebook Graph Search https://www.facebook.com/about/graphsearch

Update:
“Faecbook ရှာဖွေရေး Feature သစ် Graph Search ကို စတင်မိတ်ဆက်”

SHARE THIS
Previous Post
Next Post