ဘဏ်ငွေထုတ်စဉ် ငွေစက္ကူအုပ်အတွင်း စက္ကူများ ရောညှပ်ထား



ကမ္ဘောဇဘဏ် (မကွေးဘဏ်ခွဲ) တွင် 07/01/2013 နေ့က ကျွန်တော်၏ဇနီးဖြစ်သူ မအေးအေးမာသည် ငွေလွှဲ ၃၅သိန်းအား သွားရောက်ထုတ်ယူခဲ့ပါသည်။

၁သိန်းအုပ် တစ်အုပ်ထဲတွင် စက္ကူများ ရောညှပ်ထားသည်ကို ပုံပါအတိုင်း တွေ့ရပါသည်။ ငွေသား ၅ သောင်းကျပ်သာ ပါရှိပါသည်။ ဘဏ်သို့ သွားရောက်ပြောသောအခါ ဘဏ်မန်နေဂျာနှင့် ၀န်ထမ်းများက ၀ိုင်းဝန်းပြောဆိုပြီး ငြင်းခဲ့ပါသည်။

လူသိများသော ဘဏ်ကြီးမှ ဤကဲ့သို့ ပြုလုပ်သည်မှာ လွန်စွာ သိက္ခာ ကျသော လုပ်ရပ်ဖြစ်ပါသည်။ အကြောင်းစုံအသေးစိတ် သိရှိလိုပါက မအေးအေးမာ (hp: 09 40156 2108) သို့ ခေါ်ဆိုမေးမြန်းနိုင်ပါသည်။ အခြားသူများအားလုံး သတိထားနိုင်စေရန် အသိပေးခြင်းဖြစ်ပါသည်။

ထွန်းထွန်းလွင်
065 81898434



SHARE THIS
Previous Post
Next Post