တရုတ်နိုင်ငံစီမံကိန်းများအတွက် မြေယာလျော်ကြေးများကို မြန်မာနိုင်ငံ၏ သတ်မှတ်သည့်ဥပဒေအတိုင်း လုပ်ဆောင်ခဲ့သည်ဟု တရုတ် ဒုဝန်ကြီးဆို

ရန်ကုန်၊ ဇန်နဝါရီ ၁၇။

မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံမှ လာရောက် ရင်းနှီးမြုပ်နှံသည့် စီမံကိန်း
များတွင် မြန်မာအစိုးရ၏ သတ်မှတ်သည့် ဥပဒေအတိုင်း တရုတ်နိုင်ငံပိုင် ကုမ္ပဏီများအနေဖြင့် လုပ်ဆောင်ခဲ့ကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ဒုဝန်ကြီးက ပြောကြားသည်။

ယနေ့နံနက် ၉ နာရီအချိန်တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံတော် သံရုံး၌ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင်
ပြောကြားခဲ့ခြင်းဖြစ်ပြီး တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်
ရင်းနှီးမြုပ်နှံမည့် ကုမ္ပဏီများအားလည်း ဒေသခံမြန်မာလူမျိုးများ၏ ဓလေ့
စရိုက်များ၊ထုံးတန်းစဉ်လာများကို လိုက်နာရန်နှင့် မြန်မာနိုင်ငံ၏ တည်ဆဲ ဥပဒေများအား လိုက်နာရန် တိုက်တွန်းပြောဆိုထားကြောင်း ထပ်မံ
ရှင်းလင်းသည်။

"ရင်းနှီးမြုပ်နှံမယ့် ကုမ္ပဏီတွေဟာ ဒေသခံတွေရဲ့ အကျိုးကို ဖွံဖြိုးအောင်လုပ်ရမှာ ဖြစ်သလိုမြေယာ လျော်ကြေးတွေကိုလည်း
ထိုက်သင့်သလောက် လျော်ကြေးပေးတဲ့ အကျိုးဆောင်ရွက်မှုတွေ
ဆောင်ရွက်နေပါတယ်" ဟု တရုတ်နိုင်ငံ စီးပွား/ကူးသန်းမှ ဒုဝန်ကြီးက
ပြောကြားသည်။

မြေယာ လျော်ကြေးပေးရန်ကိစ္စများနှင့် ဆက်လျဉ်းပြီး ဒေသခံအစိုးရ
၊ဒေသခံပြည်သူ၊ တရုတ်အစိုးရနှင့်တရုတ်ကုမ္ပဏီတို့ လေးဖွဲ့ ညှိနှိုင်း
ဆွေးနွေးရမည်ဖြစ်ပြီး လျော်ကြေး ပေးဆောင်မှုများ ပျက်ကွက်ပါ
ကလည်း တရုတ်အစိုးရမှ အရေးယူဆောင်ရွက်မှုများ ပြုလုပ်မည်
ဖြစ်ကြောင်းထပ်မံပြောကြားသည်။

လက်တလော ကာလအတွင်း မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းဒေသတွင်တရုတ်နိုင်ငံပိုင် ကုမ္ပဏီတစ်ခု၏ ကြေး
နီစီမံကိန်းနှင့် ဒေသခံတို့ ပဋိပက္ခဖြစ်ပွားလျက်ရှိသည်။

အဆိုပါ စီမံကိန်းနှင့် ပက်သက်၍လည်း ဒုဝန်ကြီးက "အခုဖြစ်ပေါ်နေတဲ့ ကိစ္စတွေဟာ ပြေလည်သွားမယ်လို့ ယုံကြည်ပါတယ်" ဟု ပြောကြားသည်။

ထိုကဲ့သို့ ပဋိပက္ခများ ဖြစ်ပွားနေခြင်းကြောင့် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ကိစ္စများ ထိခိုက်နိုင်ဖွယ်မရှိဘူးဟု
လည်း ပြောကြားသွားခဲ့သည်။

စူးရှ
မှ The Myanma Age

အေးချမ်းမွန်မှ  The Myanma Age တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

SHARE THIS
Previous Post
Next Post