ရခိုင်ပြည်နယ်တွင် ဒုက္ခသည် ၆ သိန်းကျော် ရှိဟု ဆို

ရခိုင်ပြည်နယ် မြို့နယ် (၁၇) ခုတွင် နေထိုင်သူ လူဦးရေ ၃၂ သိန်းရှိပြီး ထိုအထဲမှ (၆) သိန်းကျော်မှာ ဒုက္ခသည် ဖြစ်နေကြရသဖြင့် ရခိုင်ပြည်နယ် တစ်ခုလုံး လူဦးရေ၏ ၂၀ ရာခိုင်နုန်း ဖြစ်သည်ဟု ပြောသည်။ ဒုက္ခရောက်နေကြသည့် (၆) သိန်းကျော်တွင် ၂၀၁၀ ခုနှစ်က ရေလွှမ်းမိုးမူနှင့် တောင်ပြိုကျမူကြောင့် ဒုက္ခရောက်နေသူ (၃) သိန်း၊ ဂီရိမုန်တိုင်းကြောင့် ဒုက္ခရောက်နေသူ (၂) သိန်းခွဲခန့်ရှိပြီး ၂၀၁၂ ခုနှစ် ရခိုင်အရေးအခင်းကြောင့် ဒုက္ခရောက်နေသူ (၁) သိန်းကျော် ရှိသည်ဟု ပြောသည်။ ထိုဒုက္ခသည်များအထဲမှ နိုင်ငံတော် အစိုးရ အပါအ၀င် နိုင်ငံခြား အန်ဂျီအိုများ လုံးဝ မျက်ကွယ်ပြုထားခြင်း ခံရသူ သူများမှာ ဂီရိမုန်တိုင်း ဒုက္ခသည်များ ဖြစ်ကြသည်ဟု ဆိုသည်။ ဂရီမုန်တိုင်း တိုက်ခတ်သည်မှာ (၂) နှစ်ကျော် ကြာလာပြီ ဖြစ်သော်လည်း အိမ်ယာ မဆောက်နိုင်ဘဲ တဲထိုးနေရသူ မိသားစု အများအပြား ရှိနေသည်ဟု သိရသည်။ မြေပုံမြို့နယ်အတွင်းရှိ ကျေးရွာ အတော်များများတွင် ယခုအချိန်ထိ အိမ်များ ပြန်မဆောက်နိုင်သဖြင့် တဲထိုးနေရသူ မိသားစု အများအပြား ရှိနေပြီး လုံးဝ အကူအညီမဲ့နေကြသည်ဟု လူမူရေး လုပ်ငန်း ဆောင်ရွက်နေသူများက ပြောသည်။ နိုင်ငံတော် အစိုးရ အပါအ၀င် နိုင်ငံတကာမှ စိတ်ဝင်စားဆုံးနှင့် အကူအညီ အများဆုံး ရသူ ဒုက္ခသည်များမှာ ၂၀၁၂ ခုနှစ် ရခိုင်ပဋိပက္ခအတွင်း အိုးအိမ်များကို လက်လွှတ် ဆုံးရှံးခဲ့ရသူ မွတ်ဆလင် ဘင်္ဂလီ ဒုက္ခသည်များ ဖြစ်သည်ဟု ဆိုသည်။ ရခိုင်လူမျိုးများမှာ နောက်ခံ အင်အား မရှိသဖြင့် နိုင်ငံတော် အစိုးရ အပါအ၀င် နိုင်ငံတကာမှ ရခိုင် ဒုက္ခသည်များကို မျက်ကွယ်ပြုထားကြပုံ ရသည်ဟု ကျောက်ဖြူမှ လူမူရေး ဆောင်ရွက်နေသူ ကိုသောင်းကြွယ်က ပြောသည်။ from narinjara

SHARE THIS
Previous Post
Next Post