၂၀၁၂ တွင် မြန်မာသို့ ကမ္ဘာလှည့်ခရီးသည် တစ်သန်းကျော်အထိ စံချိန်တင် ၀င်ရောက်ခဲ့

Wednesday, January 16, 2013

မြန်မာတွင် ပြုပြင်ပြောင်းလဲရေးများ ပြုလုပ်ပြီးနောက် ပြီးခဲ့သည့်
၂၀၁၂ အတွင်း မြန်မာနိုင်ငံသို့ ၀င်ရောက်ခဲ့သည့် ကမ္ဘာလှည့်
ခရီးသည် အရေအတွက်မှာ တစ်သန်းအထိ စံချိန်တင်တိုးတက်
ခဲ့ကြောင်း အစိုးရကထုတ်ပြန်သည့် တရားဝင် ကိန်းဂဏန်းများအရ သိရသည်။

မြန်မာ့ခရီးသွားလုပ်ငန်းဝန်ကြီးဌာနက ပြီးခဲ့သော ၂၀၁၁တွင် ခရီးသည် ရှစ်သိန်းဝန်းကျင် ၀င်ရောက်ခဲ့ပြီး ၂၀၁၂တွင်မူ ၁၀,၆၀,၀၀၀ (တစ်သန်း
ခြောက်သောင်း) အထိ စံချိန်တင် ဝင်ရောက်ခဲ့သည်ဟု ဆိုသည်။

ယင်း အရေအတွက်မှာ ၂၀၁၁ နှစ်ကထက် ၃၀ ရာခိုင်နှုန်း တိုးတက် ခဲ့ခြင်း ဖြစ်သည်။ မြန်မာ့ခရီးသွားလုပ်ငန်းဘုတ်အဖွဲ့မှ တာဝန်ရှိသူ
ဖြိုးဝေ ရာဇာက “ဒါဟာ ခရီးသွားလုပ်ငန်းအတွက် အလွန် ထူးခြားတဲ့
နှစ် တစ်နှစ်ဖြစ်ခဲ့တာပါ။ ဒါမျိုး အရင်က ကျွန်တော်တို့ မကြုံဖူးပါဘူး”ဟု ဆိုသည်။

သို့သော် ခရီးသွားများ တိုးတက် လာခြင်းကြောင့် ဟိုတယ်အခန်းများ ရှားပါးလာပြီး ဈေးမြင့်တက်နိုင်ကြောင်း ခန့်မှန်းနေကြသည်။

၎င်းက လက်ရှိတွင် အခန်းများအနေအထားမှာ ခရီးသည်များကို ကိုင်တွယ်နေ နိုင်သေးကြောင်း၊ ခရီးသည် အကျပ်ဆုံး အနေအထား
အထိ မရောက်သေးကြောင်း ဆက်လက်ပြောကြားသည်။

ရန်ကုန်တွင် ပြီးခဲ့သည့် အောက်တိုဘာမှ စ၍ ရန်ကုန်လေဆိပ်ကို တိုးချဲ့ပြုပြင်နေပြီး မြင့်တက်လာနိုင်သည့် ခရီးသည်အရေအတွက်နှင့် ကိုက်ညီရန် မျှော်လင့်နေသည်။

မြန်မာသို့ လေကြောင်းဖြင့် လာခဲ့သည့် ခရီးသည်အရေအတွက်မှာ စုစုပေါင်းဦးရေ၏ တစ်ဝက်ခန့်ဖြစ်ကာ ထိုင်းလူမျိုးများမှာ ၉၄၀၀၀ နှင့် တရုတ်လူမျိုးများမှာ ၇၀၀၀၀ ခန့် ရှိခဲ့သည်။

မြန်မာ့ခရီးသွားလုပ်ငန်း၏ စာရင်းအရ အမေရိကန်ခရီးသည် ဝင်ရောက်မှုသည် ၃၇,၀၀၀ဦး၊ ပြင်သစ်ခရီးသည်မှာ ၃၀,၀၀၀နှင့် ဗြိတိန်ခရီးသည် ၂၄,၀၀၀ ဦးအထိ ရှိခဲ့ကြောင်း သိရသည်။

Ref; Bangkok Post
The Myanma Age

၂၀၁၂ တွင် မြန်မာသို့ ကမ္ဘာလှည့်ခရီးသည် တစ်သန်းကျော်အထိ
စံချိန်တင် ၀င်ရောက်ခဲ့

SHARE THIS
Previous Post
Next Post