မုန်တိုင်းအတွက် ပြင်ဆင်မှု လုပ်ထားပြီလို့ အစိုးရပြော

မေလ ၁၄ ရက် ၂၀၁၃

မြန်မာနိုင်ငံထဲကို မေလ ၁၆ရက် ကြာသာပတေးနေ့မှာ ၀င်ရောက်တိုက်ခတ်သွားမဲ့ မဟာစင် ဆိုင်ကလုံးမုန်တိုင်း အန္တရာယ်အတွက် အစိုးရအနေနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ အသင့် ပြင်ဆင်ထားပြီးလို့ ဆိုပါတယ်။

မုန်တိုင်းအန္တရာယ်အတွက် ပင်လယ်ကမ်းရိုးတမ်း ဒေသတွေမှာရှိတဲ့ စစ်တပ်တွေက လိုအပ်ရင် အသုံးပြုဖို့အတွက် လေယာဉ်၊ ရဟတ်ယာဉ်၊ သင်္ဘော၊ မော်တော်ယာဉ်တွေအပြင် ဆေးကုသရေးအဖွဲ့တွေနဲ့ အကူအညီပေးတဲ့အဖွဲ့တွေကို ပြင်ဆင်ထားပြီလို့ မနေ့ကထုတ်ပြန်တဲ့ အစိုးရရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

အဲဒါအပြင် မုန်တိုင်းကျရောက်မဲ့ ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်ကမ်းခြေ ဒေသတွေမှာရှိတဲ့ ယာယီတဲမှာ နေထိုင်ကြတဲ့ ဒုက္ခသည်တွေကို မေလ ၁၄ရက်နဲ့ ၁၅ရက် နောက်ဆုံးထားပြီး နေရာရွေ့ပြောင်းဖို့ လုပ်ဆောင်နေပြီလို့လည်း ဖော်ပြထားပါတယ်။

အခုဆိုရင် ဒုက္ခသည်အယောက်ပေါင်း ငါးထောင်ကိုလည်း လုံခြုံ စိတ်ချရတဲ့နေရာမှာ ပို့ဆောင်ထားပြီလို့လည်း အစိုးရရုပ်မြင်သံကြားက ကြေညာခဲ့ပါတယ်။

တဆက်ထဲမှာပဲ ဘင်္ဂလားဒေ့ရှ်အစိုးရကလည်း မုန်တိုင်းဝင်ရောက် ဖြတ်ကျော် လာမယ့် ကမ်းရိုးတမ်း တလျှောက်ရှိ သန်းနဲ့ချီ နေထိုင်ကြတဲ့သူတွေကို မုန်တိုင်းအန္တရာယ် သတိပေးချက်တွေ ထုတ်ပြန် လိုက်ပြီးလို့ သိရပါတယ်။

ဘင်္ဂလားဒေ့ရှ် မိုးလေ၀သနဲ့ ဇလဗေဒဌာနက ၀င်ရောက်တိုက်ခတ်သွားမဲ့ မုန်တိုင်းဟာ သတိပေးချက်အဆင့် ၄ဖြစ်တဲ့ မုန်တိုင်အန္တရာယ် ပိုမို စိုးရိမ်နေရတဲ့အဆင့်ကို တိုးမြင့် လိုက်ပြီးလို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးကလည်း မဟာစင် ဆိုင်ကလုံးမုန်တိုင်းအန္တရာယ်တွေကြိုတင်ပြင်ဆင်မှုတွေပြု ထားတဲ့အကြောင်း ဒါပေမဲ့ အခြေအနေကိုကြည့်ပြီး ထိခိုက်ပျက်စီးမှု ဘယ်နေရာတွေမှာရှိမလဲဆိုတဲ့ အပေါ်မူ တည်ပြီး ကယ်ဆယ်ရေးတွေလိုက်ပြီးလုပ်ဆောင်ရမှာဖြစ်တယ်လို့ ချစ်တကောင်းမြို့နယ် အာဏာပိုင်ကပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လူဦးရေ သန်း သုံးဆယ်ရှိတဲ့အနက် ၁၅၃သန်းဟာ ပင်လယ်ကမ်းရိုးတမ်း ဒေသတွေမှာ နေထိုင်ကြတဲ့သူတွေဖြစ်ပါတယ်။

၂၀၀၉ခုနှစ် မေလတုန်းက တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုံး Aila ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လူပေါင်း သုံးရာလောက်သေဆုံးခဲ့ပြီး လူရာပေါင်းများစွာ အိုးအိမ်မဲ့ဖြစ်ခဲ့ရပါတယ်။ ၂၀၀၇ခုနှစ် နိုဝင်ဘာလက ကျရောက်ခဲ့တဲ့ ဆိုင်ကလုံး Sidr မှာတော့ အနည်းဆုံးလူ လေးထောင်လောက် သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

radioaustralia

SHARE THIS
Previous Post
Next Post