မုန်တိုင်း အန္တာရာယ် စိုးရိမ်နေတဲ့ မြေပုံမြို့လူထု တစ်ပူပေါ် နှစ်ပူဆင့်


( နိရဉ္စရာ- ၁၅ မေလ ၂၀၁၃) / မောင်အေး
၂၁၁၀ ခုနှစ်က တိုက်ခိုက်ခဲ့တဲ့ ဂီရိ မုန်တိုင်း
ဒဏ်ကို အလူးအလဲ ခံခဲ့ရတဲ့ မြေပုံမြို့သူ မြို
့သားတွေဟာ အခု ဘင်္ဂလာပင်လယ်အော်
မှာ ဖြစ်ပေါ်နေတဲ့ မဟာဆန် မုန်တိုင်းကလ
ည်း ရခိုင်ဘက်ကို ၀င်နိုင် တယ်လို့ ခန့်မှန်း
ထားတဲ့ အတွက် စိုးရိမ်မူတွေ တိုးပွားနေချိ
န်မှာ မြို့ပြင် ဒုက္ခသည် စခန်းတွေက မူဆ
လင် ဒုက္ခသည်တွေကို မြို့ထဲကို ရွှေ့မယ်ဆို
တဲ့ သတင်းတွေကြောင့် တမြို့လုံး လူပ်လူပ်
ရွရွ ဖြစ်ကာ တပူပေါ် နှစ်ပူဆင့် ဖြစ်နေကြ
ရတယ်လို့ သတင်းတွေ ရရှိပါတယ်။
ဒါကြောင့် မြို့ထဲက ရှိရှိသမျှ အမျိုးသမီးတေ
ွဟာ မနေ့ မနက်က ဘုန်းတော်ကြီး ကျော
င်းမှာ လူစုပြီး မြို့နယ် အုပ်ချုပ်ရေးမှူးရုံးကို ချီ
တက်ကာ ဒုက္ခသည်တွေကို မြို့ထဲ ရပ်ကွက်
တွေကို မရွှေ့ပြောင်းပေးဖို့ တောင်းဆို ခြဲ့
ကတယ်လို့ ဆိုပါတယ်။
“ ငြိမ်းငြိမ်းချမ်းချမ်းပြီးသွားပါတယ်။ ဆန္ဒပြ
တဲ့အဆင့်တော့မဟုတ်ပါဘူး။ ဘင်္ဂလီတေ
ွကို မြို့ထဲမှာ နေရာချရင် ရခိုင် တွေနဲ့ နီးနီး
ကပ်ကပ် ဖြစ်သွားမယ်။ နီးနီးကပ်ကပ် ဖြစ်
သွားရင် မုန်တိုင်းကြားထဲမှာ နောက်ထပ်
ပဋိပက္ခတွေ ဖြစ်သွားရင် ဘယ်လို လုပ်မ
လဲ။ ဒါကြောင့် နောက်ထပ်ပြသနာ ထပ်မြ
ဖစ်ရအောင် နီးနီးကပ်ကပ် မထားဖို့ ကန့်က
ွက်ကြတဲ့ သဘောပါ။”
ဒါကတော့ မြေပုံမြို့ပေါ်က ဆရာတော်တစ်
ပါး မိန့်ကြားတာ ဖြစ်ပါတယ်။
မြေပုံ မြို့နယ်အုပ် ချုပ်ရေးမှူးကတော့ မုန်တို
င်း ဘေးကနေ လွတ်ကင်းအောင် မြို့ပြင် ဒု
က္ခသည် စခန်းတွေက မူဆလင် ဒုက္ခသည်
တွေကို လုံခြုံမူ ပိုရှိတဲ့ မြေပုံမြို့ အမှတ်
(၁)ရပ်ကွက်က စည်ပင်ရုံး၊ သမ၀ါယမရုံးနဲ့
ဆောက်လုပ်ရေး ရုံးတွေမှာ နေရာချထား
ပေးဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။
စည်ပင်ဝန်ထမ်း မိသားစုတွေကိုလည်း ဒု
က္ခသည်တွေကို နေရာ ချပေးဖို့ အတွက် စ
ည်ပင်ရုံးကနေ ဖယ်ခိုင်းထားတယ်လို့ သိရ
ပါတယ်။
“ ကျွန်မတို့က မုန်တိုင်းတိုက်မှာကို ကြော
က်ရမလား။ တစ်ဘက်မှာ သူတို့ကို နေရာ
ချလိုက်ရင် ဘင်္ဂလီတွေကို ကြောက်ရမလာ
း။ ကျွန်မတို့နဲ့ နီးနီးကပ်ကပ် နေရာချထားရ
င် အမျိုးသမီးများ အတွက် လုံခြုံမှု မရှိတဲ့ အ
ပြင် နောက်ထပ် ပြဿနာတွေပါ ဆက်ဖြစ်နိုင်
တဲ့ အတွက် မီးဘေးရှောင် မလောင်ခင်တ
ား သဘောမျိုးနဲ့ နောက်နေရာတွေမှာသာ
ရွှေ့ပြောင်းနေရာချထားဖို့နဲ့ မြို့ထဲကို ခေါ်မ
လာဖို့ တောင်းဆိုရတာ ဖြစ်ပါတယ်” လို့
မြေပုံ ဒေသခံ အမျိုးသမီး တစ်ဦးက ပြောပါ
တယ်။
မြို့နယ်အုပ်ချုပ်ရေးမှူးကတော့ သဘာဝဘေ
းအန္တရာယ်မှ ကာကွယ်ရေးအတွက် ယာယီ
နေရာ ချထားပေးဖို့ စီစဉ်တာ ဖြစ်တယ်လို့
ပြောဆိုတယ်လို့ ဆိုပါတယ်။ မုန်တိုင်း အေ
ခြအနေကလည် ထူးခြားမူ မရှိသေးတဲ့ အ
တွက် ဒုက္ခသည်တွေကို ယခုအချိန်ထိ ပြေ
ာင်းရွှေ့နေရာချပေးတာကတော့ မရှိသေး
ဘူးလို့ သိရပါတယ်။

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post