မုန်တိုင်းသတင်းများနှင့် ပတ်သက်၍ ရန်ကုန်မြို့နေ ပြည်သူများ စောင့်ကြည့်လေ့လာနေ..

.
Wednesday, May 15, 2013

မေလ (၁၆)ရက်နေ့တွင် မြန်မာနိုင်ငံ ကမ်းရိုးတမ်းဒေသကို ဖြတ်ကျော်
ဝင်ရောက် တိုက်ခတ်မည်ဟု ခန့်မှန်းထားသော မဟာစင်မုန်တိုင်းနှင့်
ပတ်သက်၍ ရန်ကုန်မြို့နေ ပြည်သူများ စိတ်ဝင်တစား စောင့်ကြည့်
လေ့လာလျှက်ရှိကြောင်း သိရသည်။

လက်ရှိအချိန်တွင် နိုင်ငံပိုင်သတင်းမီဒီယာများ၊ လူမှုကွန်ရက်စာမျက်နှာများ၊ ပုဂ္ဂလိက သတင်းမီဒီယာများတွင် မုန်တိုင်းသတင်းများကို အချိန်နှင့် တစ်ပြေးညီ ထုတ်လွှင့်နေကြောင်း သိရသည်။ ယခုအချိန်တွင် ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဖြတ်သန်းရာ မြို့နယ်များ၏ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်
အချို့တွင် မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်လျှက်ရှိသည်။

Global Disaster Alert and Coordination System ၏ မုန်တိုင်း
သက်ရောက်ရာ ဒေသခန့်မှန်းမှုတွင် မြန်မာနိုင်ငံမှ ရခိုင်ပြည်နယ် အပြင်
ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတို့ပါ မုန်တိုင်းသက်ရောက်ရာ
လမ်းကြောင်းတွင် ပါဝင်နိုင်ကြောင်း သတင်းရရှိသည်။

SkyNet TV Browser

မုန်တိုင်းသတင်းများနှင့် ပတ်သက်၍ ရန်ကုန်မြို့နေ ပြည်သူများ
စောင့်ကြည့်လေ့လာနေ...

SHARE THIS
Previous Post
Next Post