ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မုန်တိုင်း ဒီရေ အန္တရာယ် ကျရောက်နိုင်သည့် ကျေးရွာများမှ ပြည်သူများ အား ရွှေ့ပြောင်းပေး


ဘင်္ဂလား ပင်လယ်အော် အနောက် တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်း မုန်တိုင်း မဟာ စင်ကြောင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် အတွင်း မုန်တိုင်းဒီရေ အန္တရာယ် ကျရောက်နိုင်သည့် ပင် လယ် ကမ်းရိုးတန်း တစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံ တိုင်းရင်းသား ပြည်သူများအား ယနေ့ ညနေပိုင်းမှ စတင်၍ ဒီရေလွှမ်းမိုးမှု ကင်းဝေးမည့် ကုန်းမြေ နေရာများသို့ ရွှေ့ပြောင်းပေးလျက် ရှိရာ စစ်တွေမြို့နယ်၊ ပလ္လင်ပြင် ကျေးရွာမှ သံဃာ ငါးပါးနှင့် အိမ်ထောင်စု ၉၆ စု၊ လူဦးရေ ၃၈၈ ဦးတို့အား စစ်တွေမြို့၊ ကျိတ်တော်ကုန်းသို့ လည်းကောင်း၊ စစ်တွေမြို့ ရဲနွယ်စု ရပ်ကွက်ရှိ ကယ်ဆယ်ရေး စခန်းမှ အိမ်ထောင်စု ၅၂ စု၊ လူဦးရေ ၃၆၅ ဦးတို့အား အမှတ်(၄) အခြေခံပညာ အထက်တန်း ကျောင်းသို့လည်းကောင်း တပ်မတော် သားများက တပ်ပိုင် မော်တော်ယာဉ်များဖြင့် ကူညီ ရွှေ့ပြော င်း ပေးခဲ့ကြောင်း သတင်း ရရှိ သည်။
Myawady News

SHARE THIS
Previous Post
Next Post