"ရခိုင်ပြည်နယ်တွင် အစ္စလာမ် ဘာသာ ကိုးကွယ်သည့် ဘင်္ဂါလီလူမျိုးများသည် ဗြိတိသျှတို့ အုပ်စိုးစဉ်ကပင် ရှိခဲ့ပြီး ၁၈၇၂ ခုနှစ်၊ ဗြိတိသျှတို့ ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းအရ မဟာမေဒင် (၅၈,၂၅၅) ဦးရှိခဲ့ပါတယ်။ ၎င်းတို့သည် လယ်ယာလုပ်ငန်းခွင်တွင် လာရောက် လုပ်ကိုင်ကြခြင်းဖြစ်ပြီး မူလက လယ်ယာလုပ်ငန်းခွင် ပြီးသည်နှင့် တစ်ဖက်နိုင်ငံသို့ ပြန်သွားကြသော်လည်း နောက်ပိုင်းတွင် မပြန်ကြတော့ဘဲ အတည်တကျ နေထိုင်လာခဲ့ ကြပါတယ်။ အတည်တကျ နေထိုင်သူများမှ ပေါက်ဖွားလာကြသူများ၊ တစ်ချို့ တရားမဝင် ဝင်ရောက်လာကြသူများ ရှိခဲ့သဖြင့် ယခင်အစိုးရအဆက်ဆက် လက်ထက်တွင် ဤကိစ္စကို အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် စနစ်တကျ စီမံဆောင်ရွက် တားဆီးခဲ့သည်များ ရှိခဲ့ပါတယ်။"
နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်
share from Hmuu Zaw facebook
(နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ကျင်းပပြုလုပ်သော ဗုဒ္ဓဘာသာ ဆရာတော်ကြီးများ၊ အစ္စလာမ်ဘာသာဝင်အကြီးအကဲများနှင့် တွေ့ဆုံစဉ် ရှင်းလင်းပြောကြားချက်မှ)(Source-http://www.president/-office.gov.mm/zg/briefing-room/news/2012/11/16/id-1747
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)