မီးလောင်ပြင်များတွင်မည်သူမျှ မကျူးရဟု အစိုးရမှထုတ်ပြန်ထားခြင်းများရှိ ကြောင်းသိရသည်။
သို့သော်လည်း ယခုအခါတွင်မီးလောင်ပြင်များတွင် နေအိမ်များချထားပေး ကြောင်းသိရသည်။ ထိုသို့ချထားပေးခြင်းဖြင့် သူတို့၏ ကိုယ်ပိုင်မြေအဖြစ်အသိ အမှတ်ပြုပေးရာရောက်နေကြောင်းလည်း ပေါ်လွင်နေသည်။
လမ်းဘေးတစ်လျှောက် အိမ်ခြေ ၃ /၄ ရာခန့် အိမ်ရာများချထားပေးခြင်းသည် လုံးဝမသင့်တော်ကြောင်းနှင့် ချက်ချင်း ရပ်တန့်ပေးရန်လိုအပ်မည်ဖြစ်ကြောင်း ထိုသို့ ပြုလုပ်ခြင်းသည် ဘင်္ဂလီနှင့် ရခိုင်များ ခိုက်ရန်ဖြစ်ရန် ဖန်တီးနေသကဲ့သို့ ဖြစ်နေကြောင်းလည်းသိရသည်။
စည်းကမ်းကိုလိုက်နာပြီး ဘင်္ဂလီများအား ကယ်ဆယ်ရေးစခန်းတွင်သာ ထား ပေးရန်လိုအပ်လျက်ရှိကြောင်း၊ ထိုသို့ ကယ်ဆယ်ရေးစခန်းသို့မပို့ဘဲ ဖြစ်သလို လုပ်ပေးခြင်း၊ မြေနေရာသတ်မှတ်ပေးခြင်းသည် မလုပ်သင့်သောလုပ်ရပ်များ သာဖြစ်ကြောင်း၊ လက်ရှိအချိန်ထိ နိုင်ငံတကာအဖွဲ့အစည်းများက ဆောက် လုပ်ပေးမည်ဟု တာဝန်ခံထားသော ကယ်ဆယ်ရေးစခန်းများ မဆောက် သေး သဖြင့် ဘင်္ဂလီများက ထိုသို့ နေရာတောင်းလာခြင်းဖြစ်ကြောင်း၊ ထိုတောင်းဆို ချက်ကို လိုက်လျောသော ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း စဉ်းစားဆုံး ဖြတ်ရန်လိုအပ်နေပြီဖြစ်ကြောင်းလည်းသိရသည်။
ဘင်္ဂလီများအားနေရာချထားပေးခြင်းသည် လောလောဆယ်တွင်မသင့်တော် သကဲ့သို့ အခြားနေရာများကိုသာ ရွေးချယ်ပေးရန် ဆုံးဖြတ်သင့်ကြောင်း နှင့် လမ်းဘေး ၀ဲယာတွင် ထိုသို့ ချထားပေးခြင်းမှာ လုံးဝမဖြစ်သင့်သော ကိစ္စရပ် များသာဖြစ်ကြောင်းလည်း ဒေသခံများက ပြောဆိုနေကြပြီဖြစ်ပါသည်။
်from rakhine straight views
Uncategories
တက္ကသိုလ်အလွန်၊ သဲချောင်းသွားလမ်း ၀ဲယာတစ်လျှောက်နေအိမ်များ ချထား ပေးခြင်းအား ရပ်တန့်ရန်လိုအပ်နေပြီ
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)