စစ်တွေမြို့ ကမ်းနာလမ်းတွင် လူသေအလောင်း(၁)လောင်း တွေ့ ရှိ

နိုဝင်ဘာ ၂၀ ရက်နေ့ နေ့လည် ၂ နာရီခန့်တွင် စစ်တွေမြို့ ကမ်းနား လမ်း အနီး
တွင် လူသေအလောင်း တစ်လောင်းတွေ့ရှိခဲ့ရကြောင်းသိရှိရသည်။
အဆိုပါအလောင်းအား စစ်ဆေးခဲ့ရာ မည်သူမည်ဝါဖြစ်သည်ကိုမသိရှိရသေး
ကြောင်း၊ ယင်းအတွက် အမှတ်(၁) ရဲစခန်းမှ ၅၅/၂၀၁၂ သေမှုသေခင်းအဖြစ်
အမှုဖွင့်ထားကြောင်းနှင့် ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိကြောင်းလည်း
သိရသည်။
အဆိုပါအလောင်းမှာ ရခိုင်သားဖြစ်ဟန်တူပြီး ပုတ်ပွ ရောင်ကိုင်နေသဖြင့်
မျက်နှာအား မှတ်မိခြင်းမရှိကြောင်းနှင့်အမျိုးသားအလောင်းသာဖြစ်ကြောင်း၊
ကိုယ်ပေါ်တွင် ဒဏ်ရာများစွာရရှိထားကြောင်း၊ ဆံပင်အရှည်ထားသူ
ဖြစ်ကြောင်းလည်း ယင်းနေရာသို့ သွားရောက်ကြည့်ရှုခဲ့သူက RSV သို့
ပြောကြားခဲ့ပါသည်။
From : RSV

SHARE THIS
Previous Post
Next Post