သံတွဲမှဆရာဝန်တစ်ဦး အစာအဆိပ်သင့်ကာသေဆုံး

From : RSV
သံတွဲမြို့နယ်၊ ကျီးကန်းရဲရွာမှ ဒေါက်တာဦးရဲလွင်မှာ နိုဝင်ဘာ(၁၅)ရက်နေ့က အစာအဆိပ်သင့်ကာ သေဆုံးသွားကြောင်း သတင်းရရှိသည်။

ဒေါက်တာရဲလွင်ဇနီးမောင်နှံနှစ်ဦးမှာ နိုဝင်ဘာ(၁၄)ရက်နေ့က သံတွဲမြို့မှအပြန်လမ်းတွင် ဇလွန်ကျေးရွာရှိ ကိုညီလေး ထမင်းဆိုင်တွင် စားသောက်ခဲ့ကြောင်းသိရသည်။

" သူတို့လင်မယားက သံတွဲသွားပြီး မိုးချုပ်မှ ရောက်တာ၊ သူတို့က အမြဲတမ်း(၉)နာရီထိ အိပ်ကြတော့ အဲဒီနေ့က လူတွေက သတိမထားမိကြဘူး၊ ကျောင်းသားလေးတွေ စာသင်ဖို့လာတော့ ဆူညံ့သံတွေကြားတော့မှ လူတွေက သိကြတာ၊ သူ့သားလေးက နိုးတော့ ခေါ်မရတော့မှ ဆေးရုံကိုယူသွားကြတယ်၊ ဆရာဝန်ကတော့ ဆုံးသွားပြီလို့သိရတယ်၊ " ဟု ကျီးကန်းရဲရွာသူ တစ်ဦးက ပြောသည်။

ဒေါက်တာရဲလွင်တို့ ဇနီးမောင်နှံအား ကျီးကန်းရဲရွာမှ သံတွဲဆေးရုံသို့ နိုဝင်ဘာ(၁၅)ရက်နေ့ နံနက်(၉)နာရီခွဲခန့်တွင် ယူဆောင်ခဲ့ရာ ဦးရဲလွင်မှာ ဆေးရုံသို့မရောက်မှီ လမ်းတွင်သေဆုံးသွားခဲ့ပြီး အလောင်းအား ဆေးစစ်ရန် ရန်ကုန်သို့ပို့ဆောင်လိုက်ကာ ဇနီးဖြစ်သူမှာ သံတွဲဆေးရုံတွင် သတိပြန်ရနေကြောင်းသိရသည်။

ဒေါက်တာရဲလွင်မှာ ဂျာမနီနိုင်ငံမှ အင်ဂျီအိုတစ်ခု၏ ထောက်ပံ့ချက်ဖြင့် ကျီးကန်းရဲရွာတွင် ပရဟိတလုပ်ငန်းကို လုပ်ကိုင်ကာ အခမဲ့စာသင်ကြားခြင်း၊ အခမဲ့ ကျန်းမာရေးစောင့်ရှောင့်မှု လုပ်ငန်းများ လုပ်ဆောင်နေကြောင်း သိရသည်။
Ref ; The Arakan Times

SHARE THIS
Previous Post
Next Post