From : RSV
ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ကော့စ်ဘဇားခရိုင် ပန်းဝါမြို့ (ရာမူး)နယ်သို့ အကြမ်းဖက်သောင်းကျန်းသူများက စက်တင်ဘာ(၂၉)ရက်နေ့က စတင်တိုက်ခိုက်ပြီး ဗုဒ္ဓရုပ်ပွားတော် အများအပြားကို လုယူသွားခဲ့ရာ ယခုအခါ ဘင်္ဂလီဒုက္ခသည်စခန်းနှင့် ဒေသအများအပြားမှ ဗုဒ္ဓရုပ်ပွားတော်များ ရှာဖွေတွေ့ရှိ ရမိကြောင်း သတင်းရရှိသည်။
ကော့စ်ဘဇားမြို့ဂိတ် အခြေစိုက် Rapid Action Battalion(RAB-7)က ဒေသအတွင်း ရာဇ၀တ်နှင့် မူးယစ်ဖေါက်ကား ကျူးလွန်သူများကို လိုက်လံရှာဖွေနေရာမှ အိုခီးယားမြို့နယ် ကိုတိုးပါလောင် ဘင်္ဂလီဒုက္ခသည်စခန်းအတွင်းမှ နိုဝင်ဘာ(၇)ရက်၊ ဗုဒ္ဓဟူးနေ့က ဗုဒ္ဓရုပ်ပွားတော်(၃)ဆူကို ပြန်လည်ရှာဖွေနိုင်ခဲ့ခြင်းဖြစ်ကြောင်း bdnews24.com တွင် (၈)ရက်နေ့က ဖေါ်ပြခဲ့သည်။
ကိုတိုးပါလောင် ဘင်္ဂလီ ဒုက္ခသည်စခန်းဈေးဆိုင်မှ ဖမ်းဆီးရမိခြင်းဖြစ်ပြီး ဆိုင်ရှင် Jafar Alam Dipu(35)နှင့်အတူ အပေါင်းအပါ Iman Hossain တို့အား လက်ရဖမ်းဆီးရမိခြင်းဖြစ်ကြောင်း RAB-7 မှ ဗိုလ်မှူး Sarwar-e Alam က တရားဝင်ထုတ်ဖေါ် ပြောဆိုခဲ့သည်။
ဒေသခံသတင်းထောက်များနှင့် လူထုများက ပန်းဝါမြို့နယ်မှာ ယင်းတို့အခေါ် (ရိုဟင်ဂျာ)များထံ အဓိကအငြိုးထား တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်းနှင့် ဗုဒ္ဓရုပ်ထုတော်များမှာ ယင်းတို့ထံ အများအပြား လုယူအခိုးခံရခြင်းဖြစ်ကြောင်းဆိုသည်။
ဆက်လက်ပြီး ဒေသခံများက "အဲဒီ ဘုရားရုပ်တွေကို ရွှေ၊ စိန်စတဲ့ တန်ဖိုးကြီးတဲ့ ရုပ်ထုတွေအထင်နဲ့ ခိုးယူသွားကြတာပါ၊ ဥာဏ်တော်က သယ်ယူရလွယ်ကူတဲ့ အငယ်မျိုးတွေက ပိုပြီးသပ်ပါယ်ပါတယ်၊ အဲဒီ ရုပ်ပွားတော်တွေကိုဖျက်ဆီးတဲ့ သူတွေအကြားမှာ ကြောက်လန့်နေကြပါတယ်၊ တစ်ချို့ပြောတာက ငါက ဘုရားအသေးကိုဖျက်ဆီးတာ၊ အပြစ်သိပ်မရှိဘူး အဲသလိုမျိုး ရဲဌာနတွေမှာ ထွက်ဆိုနေကြပါတယ်။"ဟု ရှင်းပြသည်။
ဗုဒ္ဓရုပ်ပွားတော်များကို ဖျက်ဆီးပြီး လုယူခံရပြီးနောက် ဘင်္ဂလီဒုက္ခသည်စခန်းအနီး အိုခီးယားမြို့နယ်အတွင်းမှ တစ်ချို့ဆင်းတုတော်များကိုပါ ရှာဖွေဖေါ်ထုတ်နိုင်ခဲ့ကြောင်း ဒေသသတင်းများက ဆိုခဲ့သည်။
ဘင်္ဂလားဒေ့ခ်ျနိုင်ငံတွင် ပန်းဝါမြို့နယ်ရှိ တန်ဖိုးမဖြတ်နိုင်သော ရှေ့ဟောင်းဗုဒ္ဓကျောင်းဘုရားသိမ်ဆောင်များနှင့် ဟိန္ဒူကျောင်းများ တိုက်ခိုက်ခံရမှုမှာ မည်သည့်အကြောင်းပြချက် ခိုင်လုံမှုတစ်စုံတစ်ရာမရှိဘဲ အသားလွတ်အနိုင်ကျင့် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။
တာခ်နာမြို့နယ် ဘင်္ဂလီဒုက္ခသည် နော်ယာပါရာစခန်းမှ လက်လုပ် သေနတ်တစ်လက်နှင့်အတူ မိုဟာမတ်ဖေါ်ယေဇေရ် (နေအိမ်အမှတ် ၆၆၁)အား စခန်းတာဝန်ကျ BGB က နိုဝင်ဘာ(၈)ရက်နေ့က ဖမ်းဆီးဖေါ်ထုတ်ရမိခဲ့ကြောင်း ဒေသထုတ်သတင်းစာများက ဆိုခဲ့သည်။
Ref ; The Arakan Times
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လုယူခံ ဗုဒ္ဓရုပ်ပွားတော် ဘင်္ဂလီဒုက္ခသည်စခန်းမှ ရှာဖွေတွေ့ရှိ ခဲ့ကြောင်းသိရှိရ ----------------------------------------------------------------------- ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ကော့စ်ဘဇားခရိုင် ပန်းဝါမြို့ (ရာမူး)နယ်သို့ အကြမ်းဖက်သောင်းကျန်းသူများက စက်တင်ဘာ(၂၉)ရက်နေ့က စတင်တိုက်ခိုက်ပြီး ဗုဒ္ဓရုပ်ပွားတော် အများအပြားကို လုယူသွားခဲ့ရာ ယခုအခါ ဘင်္ဂလီဒုက္ခသည်စခန်းနှင့် ဒေသအများအပြားမှ ဗုဒ္ဓရုပ်ပွားတော်များ ရှာဖွေတွေ့ရှိ ရမိကြောင်း သတင်းရရှိသည်။ ကော့စ်ဘဇားမြို့ဂိတ် အခြေစိုက် Rapid Action Battalion(RAB-7)က ဒေသအတွင်း ရာဇ၀တ်နှင့် မူးယစ်ဖေါက်ကား ကျူးလွန်သူများကို လိုက်လံရှာဖွေနေရာမှ အိုခီးယားမြို့နယ် ကိုတိုးပါလောင် ဘင်္ဂလီဒုက္ခသည်စခန်းအတွင်းမှ နိုဝင်ဘာ(၇)ရက်၊ ဗုဒ္ဓဟူးနေ့က ဗုဒ္ဓရုပ်ပွားတော်(၃)ဆူကို ပြန်လည်ရှာဖွေနိုင်ခဲ့ခြင်းဖြစ်ကြောင်း bdnews24.com တွင် (၈)ရက်နေ့က ဖေါ်ပြခဲ့သည်။ ကိုတိုးပါလောင် ဘင်္ဂလီ ဒုက္ခသည်စခန်းဈေးဆိုင်မှ ဖမ်းဆီးရမိခြင်းဖြစ်ပြီး ဆိုင်ရှင် Jafar Alam Dipu(35)နှင့်အတူ အပေါင်းအပါ Iman Hossain တို့အား လက်ရဖမ်းဆီးရမိခြင်းဖြစ်ကြောင်း RAB-7 မှ ဗိုလ်မှူး Sarwar-e Alam က တရားဝင်ထုတ်ဖေါ် ပြောဆိုခဲ့သည်။ ဒေသခံသတင်းထောက်များနှင့် လူထုများက ပန်းဝါမြို့နယ်မှာ ယင်းတို့အခေါ် (ရိုဟင်ဂျာ)များထံ အဓိကအငြိုးထား တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်းနှင့် ဗုဒ္ဓရုပ်ထုတော်များမှာ ယင်းတို့ထံ အများအပြား လုယူအခိုးခံရခြင်းဖြစ်ကြောင်းဆိုသည်။ ဆက်လက်ပြီး ဒေသခံများက "အဲဒီ ဘုရားရုပ်တွေကို ရွှေ၊ စိန်စတဲ့ တန်ဖိုးကြီးတဲ့ ရုပ်ထုတွေအထင်နဲ့ ခိုးယူသွားကြတာပါ၊ ဥာဏ်တော်က သယ်ယူရလွယ်ကူတဲ့ အငယ်မျိုးတွေက ပိုပြီးသပ်ပါယ်ပါတယ်၊ အဲဒီ ရုပ်ပွားတော်တွေကိုဖျက်ဆီးတဲ့ သူတွေအကြားမှာ ကြောက်လန့်နေကြပါတယ်၊ တစ်ချို့ပြောတာက ငါက ဘုရားအသေးကိုဖျက်ဆီးတာ၊ အပြစ်သိပ်မရှိဘူး အဲသလိုမျိုး ရဲဌာနတွေမှာ ထွက်ဆိုနေကြပါတယ်။"ဟု ရှင်းပြသည်။ ဗုဒ္ဓရုပ်ပွားတော်များကို ဖျက်ဆီးပြီး လုယူခံရပြီးနောက် ဘင်္ဂလီဒုက္ခသည်စခန်းအနီး အိုခီးယားမြို့နယ်အတွင်းမှ တစ်ချို့ဆင်းတုတော်များကိုပါ ရှာဖွေဖေါ်ထုတ်နိုင်ခဲ့ကြောင်း ဒေသသတင်းများက ဆိုခဲ့သည်။ ဘင်္ဂလားဒေ့ခ်ျနိုင်ငံတွင် ပန်းဝါမြို့နယ်ရှိ တန်ဖိုးမဖြတ်နိုင်သော ရှေ့ဟောင်းဗုဒ္ဓကျောင်းဘုရားသိမ်ဆောင်များနှင့် ဟိန္ဒူကျောင်းများ တိုက်ခိုက်ခံရမှုမှာ မည်သည့်အကြောင်းပြချက် ခိုင်လုံမှုတစ်စုံတစ်ရာမရှိဘဲ အသားလွတ်အနိုင်ကျင့် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။ တာခ်နာမြို့နယ် ဘင်္ဂလီဒုက္ခသည် နော်ယာပါရာစခန်းမှ လက်လုပ် သေနတ်တစ်လက်နှင့်အတူ မိုဟာမတ်ဖေါ်ယေဇေရ် (နေအိမ်အမှတ် ၆၆၁)အား စခန်းတာဝန်ကျ BGB က နိုဝင်ဘာ(၈)ရက်နေ့က ဖမ်းဆီးဖေါ်ထုတ်ရမိခဲ့ကြောင်း ဒေသထုတ်သတင်းစာများက ဆိုခဲ့သည်။ Ref ; The
Uncategories
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လုယူခံ ဗုဒ္ဓရုပ်ပွားတော် ဘင်္ဂလီဒုက္ခသည်စခန်းမှ ရှာဖွေတွေ့ရှိ ခဲ့ကြောင်းသိရှိရ
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)