ရန်ကုန်တက္ကသိုလ်ပြန်လည်ဖွင့်လှစ်ရန် ပြည်သူများ မျှော်လင့်

ရန်ကုန်တက္ကသိုလ်ပြန်လည်ဖွင့်လှစ်ခွင့်ရရေးနှင့် ပညာရေးစနစ် တိုးတက်မှုများဖြစ်ပေါ်လာနေိုင်ရန် ပြည်သူများ မှ မျှော်လင့်လျှက်ရှိကြောင်း  အမေရိကန်သမ္မတဘားရက် အိုဘားမားမိန့်ခွန်းပြောကြား ခဲ့သည့် ရန်ကုန်တက္ကသိုလ်အနီးမှ  သိရှိရသည်။
 
 
နိုဝင်ဘာလ(၁၉)ရက်နေ့ နေ့လည်(၂)နာရီဝန်းကျင်က  အမေရိကန်သမ္မတ အိုဘားမားမှ ရန်ကုန် တက္ကသိုလ်တွင် မိန့်ခွန်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
 
 
အိုဘားမားလာတဲ့အတွက်  အရမ်းဝမ်းသာတယ်။ ရန်ကုန်တက္ကသိုလ်မှာလည်း ပြင်ဆင်မှုတွေ လုပ်လာတဲ့အတွက် တိုးတက်မှုရှိတာ တွေ့ရတယ်။ ဒီတက္ကသိုလ်ကြီး အရင်လိုပြန်ဖွင့်ခွင့်ပေးပြီးတော့ ကျောင်းသားတွေလည်း ဒီထဲမှာပြန်တက်နေတာကို မြင်ချင်တယ်ဟု စမ်းချောင်းမြို့နယ်မှ မတင့်တင့် က ပြောသည်။
 
 
မြန်မာ့အဆင့်မြင့်ပညာရေးစနစ်တိုးတတ်လာရန် မျှော်လင့်ကြောင်းနှင့် အိုဘားမားမှလည်း ပညာရေး စနစ်တိုးတက်လာရန် အားပေးတိုက်တွန်းမှုများ ပြုလုပ်လိမ့်မည်ဟုထင်မြင်မိကြောင်းကိုလည်း ၎င်းက ဆက်ပြောသည်။
 
 
ရန်ကုန်တက္ကသိုလ်အား အိုဘားမားမိန့်ခွန်းပြောကြားမည် ဖြစ်သောကြောင့် ပြင်ဆင်မှုများပြုလုပ်ခဲ့ပြီး မိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ်သည်။ 
 
 
အိုဘားမားအနေဖြင့် ရန်ကုန်မြို့နှင့် ရန်ကုန်တက္ကသိုလ်အား အသိအမှတ်ပြု၍လာရောက်ခြင်း ဖြစ်သည်ဟု ထင်မြင်မိကြောင်းကိုလည်း   ပြည်သူတစ်ဦးက ယခုကဲ့သို့ဆိုသည်။
 
 
ရန်ကုန်မြို့ကို အိုဘားမားလာတယ်ဆိုတော့ ဒီမြို့ကို အသိအမှတ်ပြုတယ်ဆိုတဲ့ သဘောပေါ့။ မြန်မာအစိုးရနဲ့ ပြည်သူကို သူ့အနေနဲ့ ဘာပြောချင်သလဲဆိုတာမသိသေးတော့ အကျိုးသက်ရောက်မှု က ဘာတွေ ဖြစ်လာမလဲ ဆိုတာကို မသိသေးဘူး။ ရန်ကုန် တက္ကသိုလ် ကို ပြန်ပြင်စေချင်တယ်။ စရိတ်မတတ်နိုင်လို့ ပညာမသင်နိုင်တဲ့ သူ တွေများတယ်။ ပညာတတ်နည်းနေတယ်။ ပညာတတ် ပေါများအောင် သူအနေနဲ့ တိုက်တွန်းပေးစေချင်တယ်။ ဟု ကိုမျိုးမြင့်ထွန်းက ပြောသည်။ 
 
 
ရန်ကုန်မြို့တွင် တက္ကသိုလ်ကျောင်းများအား လူနေရပ်ကွက်၊ မြို့နှင့်ဝေးသည့် မြို့စွန်များ၌ ပြောင်းရွှေ့ ဖွင့်လှစ် ခဲ့ခြင်းကြောင့် ကျောင်းသားအများစုမှာလည်း ကျောင်းတတ်ရောက်ရန်အတွက် ခရီးဝေးကွာ မှုကြောင့် ခက်ခဲဖြစ်ပေါ်လျက်ရှိကြောင်း တက္ကသိုလ်ကျောင်းသားများထံမှ သိရသည်။
 
 
ကျောင်းသားတွေက ရန်ကုန်တက္ကသိုလ်မှာ လာမတတ်ရပဲနဲ့ လယ်ကွင်းတွေ မြို့စွန်တွေမှာ ကျောင်း သွားတတ်နေတဲ့အတွက် ခရီးစရိတ်၊ စားစရိတ်တွေအတွက် တော်တော်အခက်ခဲဖြစ်တာတွေ့ရတယ်။ ဖြစ်စေချင်တာက ပင်မတက္ကသိုလ်ကြီးဖြစ်တဲ့ ရန်ကုန်တက္ကသိုလ်ကြီးမှာပဲ အားလုံးစုစုစည်းစည်းနဲ့ နိုင်ငံတော်အစိုးရကနေ ပြန်ထားပေးစေချင်တယ်။ ဒါဆိုရင် မိဘတွေအနေနဲ့လည်း စိတ်ချမ်းသာမှု ရှိကြမှာပါ။ဟု ဦးဝိုင်း(စမ်းချောင်း)က ပြောသည်။
 
 
ရန်ကုန်တက္ကသိုလ် ကမ္ဘာ့အလယ်ပြန်တင့်တယ်ရန် ဒီချူပ်ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်၌ အဆိုတင်သွင်းခဲ့ကြောင်းကိုလည်း သိရသည်။
 
 
ရန်ကုန်တက္ကသိုလ်အား ၁၈၇၈ခုနှစ်၌ ကလက္ကတားတက္ကသိုလ်လက်အောက်ခံတကက္ကသိုလ်အဖြစ် စတင်ခဲ့ပြီး အရှေ့တောင်အာရှ၌ အကျော်ကြားဆုံးတက္ကသိုလ်တစ်ခု အဖြစ် ရပ်တည်ခဲ့ပြီး ၁၉၉၉-၂၀၀၀ ပညာသင်နှစ်တွင် ကျောင်းသားများမှာ ရန်ကုန်တက္ကသိုလ်မှ စွန့်ခွာခဲ့ရခြင်းလည်းဖြစ်သည်။
 
 
by Myit Makha Mediagroup on 19 Nov, 2012

SHARE THIS
Previous Post
Next Post