ကုလားမိသားစု ၄၀ ခန့် သရက်အုပ်ရွာတွင် တရား မ၀င်ပြန်လည်ရောက်ရှိ

from : RSV ရခိုင်ပြည်အတွင်း ကုလား-ရခိုင်အဓိကရုဏ်း တစ်ကျော့ပြန်ဖြစ်ပွားပြီး နောက် ပိုင်း မိမိနေအိမ်များကို မီးရှို့ထွက်ပြေးသွားသည့် ကုလားများ နိုဝင်ဘာ ၁၇ ရက်နေ့တွင် မင်းပြားမြို့နယ် သရက်အုပ်ရွာသို့ ပြန်လည်ရောက်ရှိနေကြ သည်ဟု ဒေသခံ တစ်ဦး၏ သတင်းပေးပို့ချက်အရသိရသည်။ သရက်အုပ်ရွာမှာ ကုလား-ရခိုင် အဓိကရုဏ်းမဖြစ်မီအချိန်ထိ ကုလားများ နေထိုင်ခဲ့ပြီး ပြဿနာဖြစ်နေစဉ်အတွင်း ကုလားများက မိမိနေအိမ်ကို မီးရှို့ ထွက် ပြေးသွားသည့် ရွာတစ်ရွာဖြစ်သည်။ ဒေသခံတစ်ဦးက "အခု သရက်အုပ်ရွာမှာ ကုလားမိသားစု ၄၀ ခန့်လောက် ပြန်ရောက်နေပါတယ်။ ပထမတော့ မိသားစု ၃ စုလောက်ပါ အခုတော့ မိသားစု ၄၀ လောက်ဖြစ်သွားပါပြီ။ အာဏာပိုင်တွေဆီကပြောသံကြားတာကတော့ သူတို့မှာကျန်ခဲ့တဲ့ စပါးတွေကို ရိတ်သိမ်းဖို့ လာတာလို့ပြောတယ်။" ဟု ပြောကြားသည်။ ယခုကဲ့သို့ ကုလားများ ပြန်လည်ရောက်ရှိလာသည့်အပေါ် ဒေသခံများက အလွန်စိုးရိမ်နေကြကြောင်းနှင့် ဒေသတာဝန်ရှိ ပုဂ္ဂိုလ်များက သက်ဆိုင်ရာ များသို့ အသိပေးတိုင်ကြားထားကြောင်း သိရသည်။ "အခုလို ကုလားတွေ ပြန်ရောက်လာပြီဆိုတော့ ပဋိပက္ခတွေပြန်ဖြစ် လာနိုင် မလား စိုးရိမ်မိတာပေါ့။ ပြီးတော့သူတို့က အခြေကုတ်မယ့် နေရာတစ်ခု ရတာနဲ့ နောက်ထပ် နေရာတွေချဲ့ထွင်တာ ပြီးတော့ အနီးနားမှာရှိတဲ့ သူတို့နဲ့ ဘာသာ မတူ လူမျိုးမတူတဲ့လူတွေကို ဒုက္ခပေးတယ်။ လူမျိုးရေးအရ ဝါးမျိုဖို့ကြိုးစား တယ်။ အခုလည်း သူတို့ စပါးတွေရိတ်သိမ်းပြီးတော့ သူတို့ ပြန်သွားနိုင်ရင် အကောင်းဆုံးဘဲ။ အာဏာပိုင်တွေက သူတို့ကို ဒီမှာဆက်ပြီးတော့ နေခွင့်ပြု မယ် ဆိုရင်တော့ ကုလားနဲ့ရခိုင် ပြဿနာမဖြစ်ဖြစ်အောင် လုပ်ဆောင် နေတာ ဘဲ။ အခုလောလောဆယ်အခြေအနေမှာ ဒီအဆင့်ကိုလုပ်ဖို့ မသင့်တော်သေး ဘူးလို့ ကျနော်ယူဆမိတယ်။" ဟု အဆိုပါ ဒေသခံက ဆက်လက်ပြောကြား သွားသည်။ အဆိုပါ ကုလားများ ပြန်လည်ရောက်ရှိလာခြင်းမှာ အာဏာပိုင်များက ကုလား များထံမှ လာဘ်ငွေများယူထားခြင်းကြောင့် ဖြစ်နိုင်သည်ဟု မြန်မာ့ အာဏာပိုင် များ ၏လှုပ်ရှားမှုများကိုလေ့လာနေသူများက သုံးသပ်ပြောဆိုနေမှုများ ထွက်ပေါ်လျှက် ရှိသည်။ မီးလောင်ပြင်များတွင် နေထိုင်ခွင့် မပေးသော်လည်း ယင်းသို့ ကျူးကျော်နေ ထိုင်သူများကို အစိုးရအနေဖြင့် အလျင်အမြန် ဖယ်ရှားသင့်ကြောင်းလည်း ဒေ သခံများက ပြောပါသည်။ Ref ; The Arakan Times

SHARE THIS
Previous Post
Next Post