ရခိုင်ဒုက္ခသည်များ အတွက် တစ်လ ဒေါ်လာ တစ်သန်းခန့် ကုန်ကျ

From : RSV တစ်ကျော့ပြန် ပဋိပက္ခကြောင့် လူပေါင်း ၉၀ နီးပါး သေဆုံး ခဲ့သော ရခိုင်ပြည်နယ် တွင် ဒုက္ခသည် တစ်သိန်းကျော်ခန့် အတွက် နေထိုင် စားသောက် စရိတ် တစ်လလျှင် ဒေါ်လာ တစ်သန်းခန့် ကုန်ကျလျက် ရှိကြောင်း သမ္မတကြီး ဦးသိန်းစိန်က ပြောကြားသည်။ အဆိုပါ ဒုက္ခသည်များ ရှင်သန် နေထိုင် နိုင်ရေး အတွက် ၄င်းတို့ကို ကျွေးမွေး ထားနိုင်ရန်၊ ယာယီ ခိုလှုံနိုင်သော အဆောက် အအုံများ ဆောက်ရန်၊ အမြဲတမ်း နေထိုင်နိုင်ရေး အဆောက်အအုံများ ဆောက်ရန်၊ အလုပ်အကိုင် များ ဖန်တီး ပေးနိုင်ရန် စသည့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင် နိုင်ရန် အတွက် တွက်ချက်ထားမှု များအရ အနည်းဆုံး အမေရိကန် ဒေါ်လာ ၆၅သန်း လိုအပ်ကြောင်း ဦးသိန်းစိန်က ဆိုသည်။ “ကျွန်တော်တို့ရဲ့ ပြည်သူတွေ မြန်မာနိုင်ငံမှာ ရှိနေတဲ့ UN က လူတွေ၊ ဌာနေ အဖွဲ့အစည်း တွေ၊ ဒီအဖွဲ့အစည်း အတွေရဲ့ အကူအညီနဲ့ ဒါတွေကို ဝိုင်းဝန်း ပြီးတော့ ဆောင်ရွက် နေတာ ရှိပါတယ်။ အဲ့ဒါအပြင် တခြား နိုင်ငံတွေ ထဲက တစ်နိုင်ငံချင်း အလိုက် သူတို့ရဲ့ အထောက်အပံ့ အကူအညီတွေ ကျွန်တော်တို့ ရယူနေတာ တွေလည်း ရှိပါတယ်” ဟု သမ္မတကြီးက ထပ်မံပြော ကြားသည်။ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့၏ သတင်း ပြန်ကြားရေး အဖွဲ့မှ အတွင်းရေးမှူး ဦးဝင်မြိုင် ကမူ ဒုက္ခသည်များ အတွက် စားနပ်ရိက္ခာ အထောက်အပံ့ ပေးနေ ရသည်မှာ လတ်တလော တွင် အဆင်ပြေ နေသော်လည်း ရေရှည်တွင် အခက်အခဲ များကို ရင်ဆိုင်ရမည် ဖြစ်သည်ဟု ဆိုသည်။ ဒုက္ခသည် စခန်း အဖြစ် ဖွင့်လှစ် ထားသော မြောက်ဦးမြို့ အောင်မြေဗောဓိ သာသနာ့ ရိပ်သာ အလိုတော်ပြည့် ကျောင်း ဆရာတော် ကမူ ဒုက္ခသည် များ၏ စားနပ်ရိက္ခာ အတွက် ဒေသခံ အလှူရှင် များကို ပိုမို မှီခိုနေရသည် ဟု ဆိုသည်။ အခုတော့ အဆင်ပြေ ပါတယ်။ ဒါပေမဲ့ ကူညီမဲ့သူ ဒီနေ့ မရှိရင် ဒီနေ့ ငတ်မယ်။ ရှိသမျှ ပစ္စည်းတွေက မီးထဲ ပါသွားပြီ” ဟု မောင်တောမြို့ ကျောက်ပန်းတူ ဒုက္ခသည် စခန်းမှ အမည် မဖော်လိုသူ ဒုက္ခသည် တစ်ဦးကပြော ကြားသည်။။ Ref ; The Voice Weekly

SHARE THIS
Previous Post
Next Post