ရှေ့နေလိုင်စင်ရုပ်သိမ်းတာခံကြရတဲ့ ရှေ့နေကြီးနှစ်ဦး

စစ်အစိုးရလက်ထက်မှာ ရှေ့နေလိုင်စင်ရုပ်သိမ်းတာခံကြရတဲ့ ရှေ့နေကြီးဦးအောင်သိန်းနဲ့ ရှေ့နေကြီး ဦးခင်မောင်ရှိန်တို့ နှစ်ဦးကို တရားလွှတ်တော်ချုပ်က အခုလ ၁၄ ရက်နေ့ရက်စွဲနဲ့ ရှေ့နေလိုင်စင်ပြန်ချပေးလိုက်ပါတယ်။ ရှေ့နေပြန်လိုက်ခွင့်ပြုတဲ့စာကို ၁၉ ရက်နေ့မှာ လက်ခံရရှိတယ်လို့ ရှေ့နေကြီး ဦးအောင်သိန်းက ပြောပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေရဲ့ အမှုတွေကို လိုက်ပါဆောင်ရွက်ချိန်မှာ တရားရုံးကို မထေမဲ့မြင် လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သူတို့နှစ်ဦးကို ၂၀၀၈ ခုနှစ်ကုန်ပိုင်းမှာ ထောင်ဒဏ် (၄) လစီချမှတ်ပြီးေ၇ှ့နေလိုင်စင်တွေရုပ်သိမ်းခဲ့တာဖြစ်ပါတယ်။

SHARE THIS
Previous Post
Next Post