(နိရဉ္စရာ)
အိန္ဒိယ နိုင်ငံ အာသံပြည်နယ်မှာ ဒေသခံ ဘိုဒို တိုင်းရင်းသားတွေနဲ့ အခြေချ နေထိုင် ရန် ရောက်လာ တဲ့ မွတ်ဆလင်တွေ အကြားမှာ ရန်မီးကတော့ မပြေငြိမ်းနိုင်သေးတဲ့ အပြင် နောက်ထပ် လူ ၄ ဦး အ သတ်ခံခဲ့ရတယ်လို့ အိန္ဒိယ တာဝန်ရှိသူတွေက ပြောပါတယ်။
ဇွန်လ အတွင်း ရခိုင်မှာ ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်မူ ပဋိပက္ခတွေနဲ့ မရှေးမနှောင်းမှာ ပေါ်ပေါက်ခဲ့တဲ့ အိန္ဒိယ အာသံက ဆူပူ အကြမ်းဖက်မူဟာ ရခိုင်က ဖြစ်ပေါ်ခဲ့တဲ့ ဆူပူ အကြမ်းဖက်မူနဲ့ ပုံစံတူပြီး လူပေါင်း ၁၀၀ ကျော် သေဆုံးကာ လူပေါင်း ၃ သိန်းကျော် အိုးအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ကြ ရပါတယ်။
ခုလို အခြေအနေတွေကြောင့် အိန္ဒိယ ဗဟို အစိုးရက ဒေသ အတွင်း တည်ငြိမ်ရေးနဲ့ တရား ဥပဒေ စိုးမိုးရေး အတွက် မြောက်မြားစွာသော စစ်တပ်၊ ရဲနဲ့ ဒေသအတွင်းက လက်နက်ကိုင် အရံတပ် ဖွဲ့တွေကို ဖြန့်ကျက် ချထားပေမယ့် ရန်ငြိုး မပြေနိုင်ကြသေးတဲ့ လူမျိုးစု နှစ်ခု အကြားမှာ အပြန်အ လှန် တိုက်ခိုက်မူတွေက ဆက်လက် ဖြစ်ပေါ်နေပြီး လွန်ခဲ့တဲ့ သောကြာနေ့ကတော့ အမည်မသိ လက်နက်ကိုင် တစ်စုက လူ ၄ ဦးကို ပစ်သတ်သွားခဲ့ပါတယ်။
သေဆုံးသူတွေ အထဲမှာ (၃) ဦးကတော့ မိသားစု တစ်ခုထဲက ဖြစ်ပြီး ကျန်တစ်ဦး က ဆွေမျိုးတော် တယ်လို့ ပြောပါတယ်။ နောက်ထပ် ဆက်ကျော်သက် အရွယ် လူငယ်တစ်ဦးလည်း ပြင်းပြင်း ထန် ထန်ဒဏ်ရာ ရရှိခဲ့ပါတယ်။
အခု အခင်း ဖြစ်တဲ့ နေရာဟာ အာသံပြည်နယ် မြို့တော် ဂွဝါဟာတီကနေ ကီလိုမီတာ ၂၃၀ အကွား အဝေးမှာရှိတဲ့ ကိုကြာဂျဟာ ခရိုင် အနောက်ဘက် ဂျိုရိုင် ဘာရီမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
သေဆုံးသွားတဲ့သူတွေဟာ ဒေသခံ ဘိုဒို တိုင်းရင်းသားတွေလား၊ အခြေချနေထိုင်ရန် ရောက်လာတဲ့ မွတ်ဆလင် တွေလား ဆိုတာကို သဲကွဲစွာ မသိရသေးပေမယ့် ခုလို တိုက်ခိုက်မူ ဖြစ်တာကို ဘိုဒို ပါလီမန် အမတ် တစ်ဦးလည်းဖြစ်၊ ဘိုဒို ပြည်သူ့ ပါတီ ခေါင်းဆောင် တစ်ဦးလည်း ဖြစ်တဲ့ Biswajit Daimary က အတည်ပြု ပြောကြားပါတယ်။
အာသံမှာ တိုက်ခိုက်မူတွေ ဆက်လက် ဖြစ်ပေါ်နေတဲ့ အတွက် လွန်ခဲ့တဲ့ တပတ် အတွင်းမှာ တင် သေဆုံးသူ (၁၀) ဦး ရှိသွားပြီ ဖြစ်တယ်လို့လည်း အိန္ဒိယ တာဝန်ရှိသူတွေက ထုတ်ဖေါ် ပြောကြားပါတယ်။
အဓိကတော့ ဒေသခံ ဘိုဒို တိုင်းရင်းသားတွေနဲ့ အခြေချနေထိုင်ရန် ရောက်လာသူ မွတ်ဆလင်တွေ အကြားမှာ နယ်မြေဆိုင်ရာ အငြင်းပွားမူတွေကနေ ခုလို တိုက်ခိုက်မူတွေ ဖြစ်လာတယ်လို့ ဆိုပါ တယ်။
အခုလို ဒေသခံ တိုင်းရင်းသားတွေနဲ့ အခြေချ နေထိုင်ရန် ရောက်လာတဲ့ နယ်မြေကျူးကျော်သူတွေ အကြားမှာ ဖြစ်ပေါ်နေတဲ့ ရန်မီး ပဋိပက္ခတွေဟာ အသားအရောင်၊ အယူဝါဒ၊ ဘာသာ ကိုးကွယ်မူ အပေါ်မှာ အခြေမခံဘဲ နယ်မြေတွေကို သူပိုင် ကိုယ်ပိုင် အငြင်းပွား လုယက်ရာကနေ ဖြစ်ပွားလာ တယ်ဆိုတာကို အာသံ ပဋိပက္ခ ကနေ သက်သေ ပြနေပါတယ်။
ဒီလို ပဋိပက္ခတွေဖြေရှင်းမယ့်နေရာမှာ လက်နက်ကိုင် တပ်ဖွဲ့တွေကို ဖြန့်ကျက်ချထားရုံ နဲ့ ပြေငြိမ်း နိုင်ဖို့ မဖြစ်နိုင်ဘူး ဆိုတာကိုတော့ အာသံမှာ လက်ရှိ ဖြစ်ပွားနေတဲ့ အခြေအနေက မီးမောင်းထိုးပြနေ တယ် လို့ ပြောဆိုရမှာ ဖြစ်ပါတယ်။
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)