ကျောက်တော်မြို့တွင် ဆွံ့အနားမကြားကလေးငယ်တစ်ဦး ခြေထောက် မီးရထားကြိတ်

မိုးဝေ (မြစ်မခ)ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင် နိုဝင်ဘာ ၁၉ရက်နေ့၌ အသက် ၁၅နှစ်အရွယ် ဆံွ့အနားမကြား ကလေးငယ်တစ်ဦး ခြေထောက် မီးရထားကြိတ်ခံခဲ့ရကြောင်း သိရှိရသည်။
 
 
"မကြားရမမြင်ရတာနဲ့ ရထားလာတာကို မသိလိုက်ပဲ ခြေထောက်အကြိတ်ခံလိုက် ရတာပါ။"ဟု မြင်တွေ့သူတစ်ဦးက ပြောသည်။
 
 
အဆိုပါ မိန်းကလေးသည် ကျောက်တော်ဆေးရုံတွင် ဆေးကုသနေရပြီး မီးရထားအကြိတ်ခံလိုက်ရသော  ဘယ်ဘက်ခြေအားဖြတ်ပစ်ခဲ့ရကြောင်း သိရှိရသည်။
 
ပုဏ္ဏားကျွန်းမြို့မှ နေ့လည်နှစ်နာရီတွင်ထွက်ခွာလာသည့် မီးရထားသည် ကျောက်တော်သို့အရောက်ရထားတွဲ လှည့်နေစဉ် ရထားလာသည်ကို မကြားမမြင်သဖြင့်သူမ၏ဘယ်ဘက်ခြေထောက်အား ရထားကြိတ်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
 
အဆိုပါ ကလေးငယ်သည် ဒဏ်ရာရသူမှာ  ကျောက်တော်မြို့ ပြည်တော်သာရပ်ကွက်တွင်နေထိုင်သော ဦးမောင်ရွှေသိန်း၊ ဒေါ်မသန်းရီးတို့၏ သမီး မသန်းသန်းဌေးဖြစ်ကြောင်း သိရှိရသည်။
 
 
ရခိုင်ပြည်နယ်တွင်လွန်ခဲ့သည့်နှစ်ကလည်းရထားပေါ်မှလိမ့်ကျပြီးသေဆုံးမှုတစ်ခုလည်းရှိခဲ့ကြောင်း၊ ရခိုင်ပြည်နယ် အတွင်း မီးရထားမှာ ကျောက်တော်၊ ပုဏ္ဏားကျွန်းအပိုင်းအားပြေးဆွဲနေပြီး စစ်တွေ ရေချမ်းပြင်ရထားလမ်းမှာရပ်ထားရဆဲဖြစ်သည်။

SHARE THIS
Previous Post
Next Post