ရခိုင်ပြည်နယ်အတွင်းရှိ နေအိမ်များမီးလောင်ခြင်း၊ ပျက်စီးသွားခြင်းများရှိနေခဲ့သ ဖြင့် ထိုနေရာများတွင် မည်သူမျှ မကျူးကျော်ရန် ပြည်နယ်အစိုးရအဖွဲ့မှ တရားဝင် တားမြစ်ထားသော်လည်း မင်းပြားမြို့နယ်ပန်းမြောင်းကျေးရွာအနီးရှိ သရက်အုပ် ကျေးရွာ မီးလောင်မြင်များတွင် နေအိမ်များလာရောက်ဆောက်လုပ်နေခြင်းများကို တွေ့ရှိရကြောင်းသိရသည်။
မီးလောင်ပြင်များတွင် နေအိမ်များဆောက်လုပ်ခွင့်မရှိကြောင်းကို နိုဝင်ဘာလ ၂၃ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ရေးသားဖော်ပြထားကြောင်းသိရ သည်။ သို့သော်လည်း ပြည်နယ်အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်များကို လိုက်နာမှု မရှိ သော လူတစ်စုက မီးလောင်ပြင်များတွင် နေရာပြန်လည်ချထားခြင်းများကိုဆောင် ရွက်လျက်ရှိကြောင်းလည်းသိရသည်။
ထိုသို့ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ချက်များကိုလိုက်နာမှုမရှိသော သူများအား ထိရောက်စွာအရေးယူသင့်ကြောင်း၊ လုပ်ရပ်များအရ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အ စည်းများ၏ ဂုဏ်သိက္ခာကို ကျဆင်းစေသော လုပ်ရပ်များကိုလုပ်ကိုင်နေသူများရှိ နေကြောင်းလည်းသိရသည်။
်from RSV
Uncategories
မင်းပြားမြို့နယ်အတွင်း မီးလောင်ပြင်မြေကွက်များတွင် အစိုးရမှ နေရာချပေးခြင်း မဟုတ်ဘဲ လာရောက်နေအိမ်ဆောက်လုပ်မှုများရှိနေကြောင်းသိရှိရ
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)