စစ်တွေမြို့နယ် သဲချောင်းကျေးရွာအတွင်း ဘင်္ဂလီများက လုံခြုံရေးတပ်ဖွဲ့ဝင် များကို တိုက်ခိုက်ရန်တွက် ရာနှင့်ချီသောလူစုက ၀ိုင်းအုံလာသဖြင့် သေနပ် ပစ် ဖောက်ပြီး လူစုခွဲခဲ့ရကြောင်းသိရပါသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၁ ရက်နေ့ ညနေ ၄ နာရီခန့်က သဲချောင်းရှိ လမ်းဘေး တွင် ကျူးကျော် နေထိုင်သော ရွက်ဖျင်တဲများမှ ဘင်္ဂလီများအား ဖယ် ရှား ပေး ရန် နှင့် သမှတ်ထားသော ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်နေထိုင်ရန် ပြောဆိုခဲ့ရာ ဘင်္ဂလီများက ဖယ်ရှားမပေးသည့်အပြင် လုံခြုံရေး တပ်ဖွဲ့ဝင်များ ကို ပင် ရာနှင့်ချီသော လူအုပ်ကြီးက ၀ိုင်းအုံကာ တိုက် ခိုက်ရန်ပြင်ဆင်ခဲ့ ကြောင်း သိရသည်။
ယင်းအတွက် ရာဘာကျည်များဖြင့် ပစ်ဖောက်ကာ လူစုခွဲခဲ့ရကြောင်းလည်းသိ ရသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ရဟန်းသံဃာတော်များကိုသာ ပစ်ရန် တတ်နိုင်ကြပြီး ဘင်္ဂလီများကိုမူ ပစ်ခတ်ရန် ကြောက်ရွံ့နေသည်မှာ ထူးခြားလှ ကြောင်းလည်းသိရသည်။
ယင်းအတွက် မြန်မာနိုင်ငံအတွင် ရခိုင်တိုင်းရင်းသားများသည် လွန်စွာစိုးရွံ့ သောအနေအထားသို့ ရောက်ရှိနေကြရကြောင်းလည်း သိရသည်။
ပြည်နယ်အစိုးရကလည်း ပြည်သူများအပေါ် မည်သို့ ထိန်းသိမ်းကိုင်တွယ် ဖြေ ရှင်းရမည်ဆိုသည်ကို မသိဘဲ ကြောင်လာလည်းကြောက်၊ ကျားလာလည်း ကြောက် ဖြစ်နေကြကြောင်းသိရသည်။
ရခိုင်များ ကိုယ့်အိုးကိုယ့်အိမ်ကို ကာကွယ်သည်ကို အပြစ်မြင်ကာ သေနပ် များဖြင့် ပစ်သတ်ခဲ့ကြသော်လည်း ယခုအခါတွင် ဘင်္ဂလီများ တိုက်ခိုက်လာ နိုင်သည့် ဆင့်သို့ ရောက်ရှိလာခဲ့သည့်တိုင် သေနပ်ဖြင့် ပစ်ဖောက်ကာ ကိုယ် လွတ် ရုံးခဲ့ကြရကြောင်းလည်းသိရှိရပါသည်။
်from RSV
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)