ALP ထိပ်ပိုင်း ခေါင်းဆောင်များ အပြောင်းအလဲဖြစ်


ရခိုင်ပြည် လွှတ်မြောက်ရေး ပါတီ (ALP) ၏ ထိပ်ပိုင်းခေါင်းဆောင်များ အကြား အပြောင်းအလဲ ပြုလုပ် လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ယနေ့ ALP ဗဟိုဌာနချုပ်မှ နိရဉ္စရာသို့ ရေးသား ပေးပို့သော စာတစ်စောင်တွင် ထိုသို့ ထိပ်ပိုင်း ခေါင်းဆောင်များ အပြောင်းအလဲ ပြုလုပ်လိုက်ပြီဖြစ်ကြာင်းကို ဖေါ်ပြသည်။

အဆိုပါ စာတွင် ရခိုင်ပြည် လွှတ်မြောက်ရေး ပါတီ၏ ဥက္ကဌမှာ ခိုင်ရဲခိုင်၊ ဒုဥက္ကဌမှာ ခိုင်စိုးနိုင်အောင်၊ အထွေထွေအတွင်းရေးမှူးမှာ ခိုင်သုခ၊ တွဲဘက် အတွင်းရေးမှူးမှာ ခိုင်ထွန်းလင်းနှင့် ဗဟို အလုပ်အမူဆောင် ကော်မီတီဝင် စောမြရာဇာလင်းဟု ဖေါ်ပြထားသည်။
From ; narinjara

SHARE THIS
Previous Post
Next Post