ရခိုင်ပြည်အနှံ့ စစ်တပ်မှ မိုးဆုံးမြေဆုံး တရွာဝင်တရွာထွက် တအိမ်တက်ဆင်း လိုက်လံဖမ်းဆီးနေပါသည်၊ တချို့နေရာများတွင် ကုလားများမှ လက်ညှိုးထိုး ဖမ်းခိုင်းလျှင် မလွတ်တမ်း ဖမ်းဆီးခံနေကြရပါသည် ဟု သိရပါသည်၊ မြို့ရော ကျေးလက် ဒေသမရွေး ၊ကျား မ မရွေး ရခိုင်လူမျိုးများကိုသာ ကြက်ကလေးငှက်ကလေးလို ဖမ်းဆီးနေသည်
မှာ အလွန်တရာမှ ၀မ်းနည်းဖွယ် ကောင်းလှပါသည်၊ ကိုယ့်ပြည် ကိုယ့်မြေတွင် ကိုယ့်လူမျို
းများ တရားခံ ဖြစ်နေကြရသည်မှာ မည်သို့မျှ ခံစားနားလည်၍ မရပေ၊ ရခိုင်လူမျိုးများသည် ခောတ်အဆက်ဆက် အစိုးရများ၏ (Political Game)ထဲတွင် အလူးအလိမ့်ခံစားနေကြရသည်မှာ ယနေ့ မှသည် နောင် မည်၍မည်မျှ ခံစားကြရပါမည်နည်း၊ စစ်တပ်မှ ရသေ့တောင်နှင့် ကျောက်တော်တွင် ရက်ရက်စက်စက် ရခိုင်လူမျိုးများကို ပစ်သတ်သည်မှာ အဘယ့်ကြောင်းပါနည်း၊ ကျောက်တော်တွင် ရွာအပြန်ဖြတ်သန်းသွားသည့် မော်တော်ဘုတ် တစ်စီးအား အောက်တိုဘာလ အဓိကရုန်းတွင် (Cease Fire) လုပ်ထားသည့် သူများ ပါဝင်ပတ်သက်သည်ဟု ယူဆကာ စစ်တပ်မှ ဒရကြမ်း စိန်ပြေနပြေ ပစ်ခတ်ခဲ့သဖြင့် (၃၅) ယောက်ပါ အဆိုပါဘုတ်မှ (၉)တမ်း ကျောင်းသားလေး တစ်ဦးသာ ကုလားတန်မြစ်ထဲ ဒိုင်ဗင် ထိုးချ၍
အသက်မသေပဲ သေနတ်ဒဏ်ရာ ပလပွ နှင့် ရူးကြောင်ကြောင် ဖြစ်သွားပြီး ယနေ့ထိ ဆေးကုသမှု ကို ခံယူနေရပါသည်၊ကျန်လူများအားလုံး
ပွဲချင်းပြီး ပါ၊ မြစ်ထဲခုန်ချသည်ကိုပင် ခေါင်းဖော်လာသည်နှင့်
ရက်စက်စွာပစ်သတ်ခဲ့သည်၊ ရခိုင်လူမျိုးတို့၏ တပူပေါ် နှစ်ပူ သုံးပူ ဆင့်ရသည်က
ရင်နာမဆုံး တသက်လုံး အပူမီးအုံး၍သာ ဘ၀က တုံးသွားပါလိမ့်မည်၊
အဘယ့်ကြောင့်ဆိုသော် လယ်ယာမြေများကို စစ်တပ်မှ သိမ်းပိုက်ထား၍
ကန်စွန်းရွက်စိုက်စားဖို့ပင် နေရာကျန်ပါအုံးမည်လား?
(၁) ဥပဒေမဲ့ ပစ်သတ်သော စစ်သားများကို ဥပဒေကြောင်းအရ အရေးယူပါ၊
(၂)သိမ်းဆည်းထားသော ရခိုင်ပြည်မှ လယ်ယာများကို ပိုင်ရှင်များထံသို့ ပြန်လည်အပ်နှင်းပါ၊
(၃) ရခိုင်လူမျိုးများအား ဖမ်းဆီးခြင်းကို ချက်ချင်းရပ်ပါ၊
(၄)ဖမ်းဆီးထားပြီး ရခိုင်လူမျိုးများအား ချွင်းချက်မဲ့ အမြန်ဆုံးပြန်လွှတ်ပေးပါ၊
(၅) ရခိုင်ပြည်တွင် ရခိုင်လူမျိုးများအား အပြည်ပြည်ဆိုင်ရာဥပဒေနှင့်အညီ မိမိ ကိုယ်ကို ခုခံကာကွယ်ခွင့် ပေးပါ။
သို့ မဟုတ်ပါက ကမ္ဘာအနှံ့ မြန်မာသံရုံးများ ရှေ့တွင် ကမ္ဘာလုံးဆိုင်ရာ ဆန္ဒပြပွဲများ ကျင်းပသွားမည်။
လှအေးမောင်။