မြောက်ကိုးရီးယား က တာဝေးပစ်ဒုံးကျည် ပစ်လွှတ်လိုက်ပြီ


နိုင်ငံတကာမှ ကန့်ကွက်တားမြစ်သည့်ကြားမှ မြောက်ကိုးရီးယားက တာဝေးပစ်ဒုံးကျည်ကို
 ဗုဒ္ဒဟူးနေ့မနက်မှာ ပစ်လွှတ်လိုက်တယ်လို့ တောင်ကိုးရီးယား ကာကွယ်ရေးဌာန ပြောခွင့်ရသူက AFP ကိုပြောသွားပါတယ်။ ဒီဇင်ဘာ ၁၂ ရက် ကိုးရီးယားအချိန် နံနက် ၉ နာရီ ၅၁ မိနစ်မှာ မြောက်ကိုးရီးယား Sohae ဒုံးကျည်စခန်းမှ ပစ်လွှတ်လိုက်တာဖြစ်ပြီး ချက်ခြင်းပဲ တောင်ကိုးရီးယားရေတပ်မှ သိရှိခဲ့ကြောင်း Yonhap သတင်းအေဂျင်စီမှာ ဖော်ပြထားပါတယ်။ ဒုံးကျည်နဲ့ပစ်လွှတ်မှု အောင်မြင်မှုရှိမရှိ သတင်းထွက်ပေါ်လာခြင်း မရှိသေးပေမဲ့ ပစ်လွှတ်ပြီး ၁၂ မိနစ်နောက်ပိုင်းမှာ ဂျပန်နိုင်ငံရဲ့ Okinawa ကျွန်းပေါ်ကနေ ဖြတ်သန်းသွားခဲ့တယ်လို့ ဂျပန်အစိုးရက ပြောပါတယ်။ ဂျပန်အစိုးရမှ ဒုံးခွင်းစနစ်ကို ပြင်ဆင်ထားပြီး ဂျပန်နယ်နိမိတ်ထဲ ကျရောက်ဖို့ရှိပါက ဖျက်စီးပစ်မယ်လို့ သိရပါတယ်။ ဖိစိဖိတ်သမုဒ္ဒရာရှိ အမေရိကန်တိုက်ရေယာဉ်ကလည်း ဒုံးခွင်းစနစ်ကို ပြင်ဆင်ထားကြောင်း သိရပါတယ်။
(Ref; Channel News Asia, December 12, 2012)..MYANMAR 1 ..

SHARE THIS
Previous Post
Next Post