ရန်ကုန်ပရဟိတလူငယ်များကွန်ရက်မှကျောင်းသားများကို ငွေကျပ်သိန်း ၄၀လှူဒါန်း



အလှူရှင်များကိုယ်စားလှူဒါန်းသော ရန်ကုန်အခြေစိုက်ပရဟိတလူငယ်များကွန်ရက် မှ ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်ကျောင်းသားကျောင်းသူများအတွက် ငွေကျပ်သိန်း ၄၀ ကို ဝံလက်ဖောင်ဒေးရှင်းမှတစ်ဆင့် လှူဒါန်းထားရှိပါသည်။ ၄င်းငွေများကို စစ်တွေမြို့နယ်၊ ပုဏÖားကျွန်းမြို့နယ် နှင့် မောင်တောမြို့နယ်များသို့ လှူဒါန်းခဲ့ရာ မောင်တောမြို့နယ်သို့ငွေကျပ် ၁၄ သိန်း ကို ခွဲဝေလှူဒါန်းခဲ့သော စာရင်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ ၁။ ဗဟိုကျောင်း ကျောင်းသား ၂၉ ဦး အလှူငွေ ၁၄၅၀၀၀ ကျပ် ၂။ အောင်မြေဗောဓိကျောင်း ကျောင်းသား ၄၅ ဦး အလှူငွေ ၂၂၅၀၀၀ ကျပ် ၃။ ကံသာယာ (အလယ်ရွာကျောင်း) ၃၇ ဦး အလှူငွေ ၁၈၅၀၀၀ ကျပ် ၄။ ဗောဓိကုန်း ကျောင်း ၃၂ ဦး အလှူငွေ ၁၆၀၀၀၀ ကျပ် ၅။ သရီကုန်ဘောင်ကျောင်း ၁၃၇ ဦး အလှူငွေ ၆၈၅၀၀၀ ကျပ် ရန်ကုန်ပရဟိတလူငယ်များကွန်ရက် ဧ။် ငွေကျပ် သိန်း ၄၀ ကိုဖြန့်ဝေလှူဒါန်းမှုအပြည့်အစုံအား ဝံလက်ဖောင်ဒေးရှင်းဧ။် Facebook Page နှင့် Blog တို့တွင် ရှင်းလင်းတင်ပြသွားမည်ဖြစ်ပါသည်။

SHARE THIS
Previous Post
Next Post