ဒီကေဘီအေ တပ်မတော်ကြီးခေတ်မီ ဖွံဖြိုးလာရန်အတွက် ကရင်လူမျိုးများ စည်းလုံးညီညွှတ်မှုရှိရမည်ဟု စစ်ဦးစီးချုပ်ပြောကြား
ဆုံးဆည်းမြိုင်၊ ဒီဇင်ဘာ ၂၁။ ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်မတော် (DKBA)၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောလားဖွယ်(ခ) ဗိုလ်နှုတ်ခမ်းမွှေးက ယနေ့နံနက် ဒီကေဘီ အေ တပ်မတော်နေ့ အခမ်းအနားတွင် ၄င်းတို့၏ တပ်မတော် ကြီးခေတ်မီ ဖွံဖြိုးတိုးတက်လာရန်အတွက် ကရင်လူမျိုးများ စည်းလုံးညီညွှတ်မှု ရှိစေရန် အရေးကြီးကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။ စည်းလုံးညီညွှတ်မှု၏ အင်အားသည် အမျိုးသားထုတစ်ရပ်လုံး စာလောင် မွတ်သိပ်လျက်ရှိသည့် တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ တန်းတူခြင်း တို့ကို ပိုင်ဆိုင်နိုင်မည်ဖြစ်ကြောင်းနှင့် ၄င်းတို့အနေဖြင့် အစိုးရနှင့် လက်မှတ်ရေး ထိုးထားသော အပစ်အခတ်ရပ်စဲရေးအပေါ် ယုံကြည်မှုရှိစွာဖြင့် ပြည်သူလို လားနေသော ငြိမ်းချမ်းရေးပန်းတိုင်ကို လျှောက်လှမ်းလျက်ရှိကြောင်း ပြောကြားခဲ့သည်။ “ကျွန်တော်တို့ ကရင်တစ်မျိုးသားလုံးစည်းလုံးညီညွှတ်မယ်ဆိုရင် ကရင်အ မျိုးသားလုံးအတိုင်းအတာနဲ့ အင်အားရရှိလာမှာဖြစ်ပါတယ်၊ ကျွန်တော်တို့ ယနေ့လူကြီးလူငယ်တွေရဲ့ နှုတ်ဖျားမှာ ရေပန်းစားနေတဲ့ စကားတစ်ရပ် ရှိပါတယ်။အဲဒါကို ကျွန်တော်တို့အားလုံး မှတ်သားတန်ဖိုးထားသင့်ပါတယ်၊ အဲဒါကတော့ စည်းလုံးညီညွှတ်ခြင်းသည် အမှန်အင်အားဘဲဖြစ်ပါတယ်” ဟု စစ်ဦးစီးချုပ်က ပြောကြားသည်။ ၄င်းကပင် နိုင်ငံခြားအားအထင်ကြီး၍ သွားရောက်လုပ်ကိုင်နေကြသူများကို “ ကျွန်တော်တို့အားလုံးသိ ထားရမှာက သူ့နိုင်ငံနဲ့ သူ့လူမျိုးအကျိုးကို သူတို့ကိုယ်တိုင်သယ်ပိုးကြိုးစားလုပ်ဆောင်ကြရမှာဖြစ်သ လိုငါတို့တိုင်း ပြည် ငါတို့လူမျိုး လွတ်လပ်ရေးနဲ့ ငြိမ်းချမ်းရေးအကျိုးအတွက် ငါတို့အား လုံးအမြဲတမ်း အဆင်သင့်ပြင်ဆင်ပြီး မမေ့မလျော့ဘဲ ယုံကြည်မှုအပြည့်အ၀ နဲ့ တက်ညီလက်ညီရှေ့ဆက်ကြိုးပမ်းဆောင် ရွက်ကြမယ်ဆိုရင် သူတပါး နိုင်ငံကောင်းသလို ငါတို့နိုင်ငံလဲ ဧကန်မလွဲကောင်းလာရမှာပါပဲ၊သူတို နိုင်ငံကောင်းအောင်သူတို့တည်ဆောက်တဲ့နေရာမှာ အရင်းနှီးဟာ အသက်နဲ့သွေး၊ငါတို့နိုင်ငံကောင်းဖိုဆိုလည်း ရင်းနှီးရမှာ အသက်သွေးပဲ” ဟုထပ်မံပြောကြားခဲ့သည်။ အဆိုပါ ကိစ္စရပ်များနှင့်ဆက်လျဉ်း၍ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေးတစ်ဦး၏ ၁၈ နှစ်ပြည့် ဒီကေဘီအေနေ့အား ပေးပို့သော သ၀ဏ်လွှာတွင် ၄င်းတို့နှင့် ဒီကေဘီအေသည် တူညီသောရည်မှန်းချက် များဖြစ်သည့် တန်းတူရေး၊လွတ်မြောက်ရေး၊ ပါတီစုံဒီမိုကရေစီရေးနှင့် စစ်မှန်သော ဖယ်ဒရယ်ပြည်ထောင်စုအရေးတို့ကို နှောက်ယှက်နေသည့် ပြည်သူ့ရန်သူများအား သမိုင်းပေးတာဝန်အရ ပူးပေါင်းဖြေရှင်းကြရဦးမည် ဟု ပေးပို့ထားကြောင်းသိရသည်။ စူးရှ