Expendables 3 တွင် ဂျက်ကီချန်း ပါဝင်လာမည်

နာမည်ကြီး အက်ရှင်ဇာတ်ကား Expendables ၏ တတိယမြောက် Expendables-3 တွင် ကမ္ဘာကျော် အက်ရှင်မင်းသားကြီး ဂျက်ကီချန်း ပါဝင်သရုပ်ဆောင်တော့မည်ဟု သိရသည်။ Expendables 2 တွင် ပါဝင်ရန် စတားလုံးက မိမိအား ဖိတ်ခေါ်ခဲ့သေးကြောင်း မလေးရှားနိုင်ငံတွင် ပြုလုပ်ခဲ့သော အခြားဇာတ်ကားတစ်ခု၏ စာနယ်ဇင်းမိတ်ဆက်ပွဲ၌ ချန်းက ဆိုသည်။ ထိုစဉ်က ဂျက်ကီချန်းမှာ ဇာတ်ကားရိုက်ရက်များနှင့် အခြားကိစ္စများကြောင့် အချိန်မပေးနိုင်သဖြင့် လက်မခံခဲ့ခြင်းဖြစ်သည်။ ယခုအခါတွင်မူ ချန်းက Expendables 3 တွင် ပါဝင်သရုပ်ဆောင်ရန် အတည်ပြုလိုက်ပြီဖြစ်သည်။ ဂျန်ကီချန်းကဲ့သို့ ကမ္ဘာကျော် အက်ရှင်မင်းသားကြီး ပါဝင်လာခြင်းဖြင့် Expendables ၏ တရုတ်နိုင်ငံဈေးကွက်ကို မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။ Expendables ဇာတ်ကားတွင် ပါဝင်သော မင်းသားများမှာ အာနိုး၊ ဘရုစ်ဝီလီ၊ ဂျေဆင် စတတ်ဟန်၊ ဂျက်လီ၊ ရန်ဒီ ကောက်ချာ၊ စတုန်းကိုလ်း၊ တယ်ရီခရူ၊ ဒေါ့လ် လန်ဂျရန်၊ ချက် နောရစ်စ် နှင့် ဗန်ဒိန်းတို့ဖြစ်သည်။ ဂျက်ကီချန်းသည် သူ၏ နာမည်ကျော်ဇာတ်ကားဖြစ်သော Rush Hour ဇာတ်ကားသစ်ကိုလည်း ထပ်မံရိုက်ကူးမည်ဟု သိရသည်။ ယင်းဇာတ်ကား၏အမည်ကို Skip Tracer ဟု ယာယီအမည်ပေးထားကာ Rush Hour ၏ စတုတ္ထမြောက်ဇာတ်ကားလည်း ဖြစ်လာမည်ဖြစ်သည်။ Source: Yahoo အေးချမ်းမွန်မှ Planet Myanmar Network တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။ Photo From :Planet Myanmar Network

SHARE THIS