Friday, 21 December 2012
၂၀၁၂ ခုနှစ်အတွင်း သတင်းရယူရင်း အသတ်ခံရသော သတင်းထောက်
အရေအတွက်မှာ ယခု အချိန်ထိ ၆၇ ဦးထက်မနည်း သေဆုံး ခဲ့ပြီး ကမ္ဘာတစ်ဝန်း၌သတင်းထောက် အသတ်ခံရမှုအများဆုံးနှစ်များထဲမှ
နှစ်တစ်နှစ်ဖြစ်ကြောင်း အမေရိကန်အခြေစိုက် သတင်းမီဒီယာ အခွင့်အရေး အုပ်စုက ဒီဇင်ဘာလ ၁၈ ရက်နေ့က ပြောကြားခဲ့သည်။
သေဆုံးသည့် သတင်းထောက်အရေ အတွက်မှာ ပြီးခဲ့သည့်နှစ်ကစပြီး ၄၂ ရာခိုင်နှုန်းတိုးလာကာ အများစုမှာ ဆီးရီးယားပဋိပက္ခ၊ ဆိုမာလီယာ၊ ပါကစ္စ တန်နိုင်ငံနှင့် ဘရာဇီးလ်နိုင်ငံတို့တွင် အသတ်ခံခဲ့ရခြင်းဖြစ်သည်ဟု နယူးယော့ခ်အခြေစိုက် သတင်းထောက်များကာကွယ်ရေးကော်မတီ
(CPJ) က ပြောကြားခဲ့သည်။
သတင်းထောက်အများဆုံး အသတ် ခံခဲ့ရသည့်နှစ်မှာ ၂၀၀၉ ခုနှစ်ဖြစ်ပြီး စုစုပေါင်း ၇၄ဦးသေဆုံးခဲ့သည်။ ၎င်းတို့ထဲမှ ထက်ဝက်ခန့်မှာ ဖိလစ်ပိုင်
နိုင်ငံ မာဂွင်ဒါနာအိုပြည်နယ်၌ဖြစ်ပွားသော အစုလိုက်အပြုံလိုက် သတ်ဖြတ်
မှုတွင် အသတ်ခံခဲ့ရခြင်းဖြစ်ကြောင်းကော်မတီက ပြောကြားခဲ့သည်။
၂၀၁၂ ခုနှစ်တွင် ဆီးရီးယားနိုင်ငံ၌ သတင်းထောက်အများဆုံး သေဆုံး ခဲ့သည်။ အစိုးရနှင့်အတိုက်အခံတပ်ဖွဲ့ များ၏ ပစ်မှတ်ထား သတ်ဖြတ်မှုများ၊ သို့မဟုတ် တိုက်ပွဲများအတွင်းသတင်း ထောက် ၂၈ ဦး သေဆုံးခဲ့ကြောင်း
ကော်မတီက ပြောကြားခဲ့သည်။
၂၀၁၂ ခုနှစ်အတွင်း သေဆုံးသော နောက်ထပ်သတင်းထောက် ၃၀ သည် လည်း သတင်းလိုက်ရင်း သေဆုံးခြင်း ဟုတ်-မဟုတ် CPJ က စုံစမ်း
စစ်ဆေး လျက်ရှိသည်။
ကမ္ဘာတစ်ဝန်း အသတ်ခံရသည့် သတင်းထောက်များ၏ ၉၄ ရာခိုင်နှုန်းမှာ ၎င်းတို့နိုင်ငံ၏သတင်းများကို ရေးသား နေသော ပြည်တွင်း
သတင်းထောက်များဖြစ်သည်။
ယင်းပမာဏမှာ ယခင် ကိန်းဂဏန်းများနှင့် အကြမ်းအားဖြင့် တူညီနေသည်။
အခြားအဖွဲ့အစည်း တစ်ခုဖြစ်သော ပြင်သစ်အခြေစိုက် သတင်းမီဒီယာ အခွင့်အရေး အုပ်စုတစ်စုဖြစ်သည့် နယ်စည်းမခြား သတင်းထောက်များ အဖွဲ့ (RSF) က ၂၀၁၂ ခုနှစ်တွင်သတင်းထောက် ၈၈ ဦး အသတ်ခံ
ခဲ့ရသည်ဟု ဒီဇင်ဘာလ ၁၈ ရက်နေ့ကပြောကြား ခဲ့သည်။
ထိုအဖွဲ့က လည်း CPJ နည်းတူ ဆီးရီးယား၊ ဆိုမာလီယာနှင့် ပါကစ္စတန်
နိုင်ငံတို့သည်သတင်းမီဒီယာသမားများ အတွက် အန္တရာယ်အများဆုံး နေရာ များဖြစ်သည်ဟုဆိုသည်။
၁၉၉၅ ခုနှစ်ကတည်းက နှစ်စဉ် ကောက်ခံရယူခဲ့သော သေဆုံးသည့် အရေအတွက် စာရင်းများတွင် ယခုနှစ် သည် အများဆုံးဖြစ်ကြောင်း
RSF က ပြောကြားခဲ့သည်။
(အေအက်ဖ်ပီ)
ဝင်းသော်တာ ဘာသာပြန်သည်
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
ဘုရင့်နောင် ခုံးကျော် တံတား တည်ဆောက်ရေး လုပ်ငန်း ၇ဝ ရာခိုင်နှုန်း ပြီးစီး Friday, June 21, 2013 ရန်ကုန်မြို့ ယာဉ်ကြော ကျပ်တောင့်မှု ပြေလျော့စေရေး အတွက် တည်ဆောက်နေသော
ရခိုင်အမျိုးသား ညီလာခံ ဖြစ်မြောက်ရေး အဖွဲ့ စစ်တွေတွင် လူထုနှင့်တွေ့ဆုံ ရခိုင်အမျိုးသား ညီလာခံ ဖြစ်မြောက်ရေး အဖွဲ့ (ယာယီ)မှ တာဝန်ရှိသူများသည် ညီလာခံ ဖြစ်မြောက်ရေး
ဘင်္ဂလားဒေ့ရှ် အစ္စလာမစ်ခေါင်းဆောင်ကို စီရင်ချက်ချ Tuesday, July 16, 2013 ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ပါကစ္စတန်နိုင်ငံဆီကနေ လွတ်လပ်ရေး တိုက်ပွဲဝင်
တေးသံရှင် ဒိုးရီ ၏ ဇနီး ဓါးထိုး သတ်ဖြတ်ခံရ စစ်တွေ ၊ ၁၇ ဇွန်လ ၂၀၁၃ ၊ Coral Arakan News ၊ [ ကြားဖြတ်သတင်း ] ရခိုင်တေးသံရှင် ဒိုးရီ ၏ ဇနီြး
ရှစ်လသား အရွယ် ကလေးငယ်တစ်ဦး မြန်မာနယ်စပ်အနီး ကျေးရွာ တစ်ခုမှ ပြန်ပေးဆွဲခံရ ရှစ်လသား အရွယ် ကလေးငယ် တစ်ဦးကို မြန်မာနဲ့ နယ်စပ်ချင်း ကပ်ရပ်တည်ရှိတဲ့ ဘင်္ဂလာဒေခ်ျ့ ကျေးရွ
သုံးဆယ်ဆရာတော်ကြီး ပျံလွန်တော်မူ ရန်ကုန်မြို့၊ အာရှတော်ဝင်ဆေးရုံသို့ တက်ရောက်ဆေးဝါး ကုသမှုခံယူနေသော သုံးဆယ်ဆရာ တော်ကြီး (ဝ
Previous Post
ကျောက်စာသက်သေ (၁)
ကျောက်စာသက်သေ (၁)
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)