ကျောက်စာသက်သေ (၁)
ကနေ့ မြန်မာနိုင်ငံရဲ့ ရှေးအကျဆုံး ကျောက်စာတွေပိုင်ဆိုင်ထားတဲ့ ပျူကျောက်စာ၊ ရခိုင်ကျောက်စာ၊ မြန်မာကျောက်စာတွေကို ဗြာဟ္မီ၊ သကဋ စာများနဲ့ရေးထိုးထားခဲ့တယ်။ အဲဒီ ဗြာဟ္မီ၊ သကဋစာပေဖြင့် ရေးထိုးခဲ့တဲ့ မြန်မာနိုင်ငံထဲက ပျူတွေ၊ ရခိုင်တွေ၊ မြန်မာတွေဟာ ကုလားတွေဖြစ်တယ်လို့ ပြောချင်တဲ့ ပြောနေတဲ့ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေရှိလာတယ်။ ဆိုတော့ ဒီကိစ္စကို သာမန်စာဖတ်ပရိဿတ်တွေကို သိသလောက် ရှင်းပြဖို့လိုအပ်လာတယ်။ ကျောက်စာလို ခိုင်မာတဲ့အထောက်အထားမရှိပေမယ့် ဗုဒ္ဓစာပေတွေအရ ဗုဒ္ဓမပေါ်မီကာလနဲ့ ဗုဒ္ဓပေါ်ဆဲကာလများကပင် စာရေးနည်းတမျိုးမျိုးရှိနေတယ်။ ဗုဒ္ဓပရိနိဗ္ဗာန်ပြုပြီးနောက် ဓါတ်တော်ထည့်တဲ့ ပိပြအိုးမှာ စာရေးထိုးထားတာကို တွေ့နိုင်ပြီး အဲဒီစာမျိုးရေးတဲ့ကာလဟာ အေဒီ လေးရာစုဖြစ်တယ်လို့ ပညာရှင်တွေဆုံးဖြတ်ထားတယ်။ အဲဒီစာမျိုးနဲ့ပဲ အသောကမင်းကြီးက ကျောက်စာတွေ အမြောက်အများထားခဲ့တယ်။ အသောကမင်းကြီး နောက်ပိုင်းကာလတွေမှာတော့ အိန္ဒိယမြောက်ပိုင်းရေးနည်းနဲ့ အိန္ဒိယတောင်ပိုင်းရေးနည်းဆိုပြီး နှစ်မျိုးကွဲပြားခဲ့တယ်။ အိန္ဒိယမြောက်ပိုင်း ရေးနည်းမှာလည်းပဲ ဂုပ္တ၊ ကုဋိလ၊ နာဂရီ၊ သျှရဒါနဲ့ဗင်္ဂါလီလို့ စာရေးနည်းကွဲပြားသလို အိန္ဒိယတောင်ပိုင်းမှာလည်းဘဲ ပစ္ဆိမီ၊ မဓျပြ၊ဒေသျှီ၊ တေလုဂု၊ ကနရီ၊ ဂြန္တ၊ ကလိင်္ဂ၊ သာမိဠနဲ့ဝဋေဠုတ္တု ဆိုပြီးကွဲပြားခဲ့တယ်။ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းရေးတဲ့ ခေတ်ဟောင်းမြန်မာရာဇင်မှာ ဆရာက " မြန်မာနိုင်ငံသို့ စာရေးနည်းရောက်လာသည်မှာ ပုရာလေခပညာအရ လေးရာစုဟု ခန့်မှန်းရသဖြင့် အသတ်အငင်ရေးနည်းတွင် များစွာမဆန်းပြားသေးချေ။ မြောက်ပိုင်း အိန္ဒိယအက္ခရာရေးနည်း အပါအ၀င် ဂုပ္တနှင့်နာဂရီကို ရခိုင်ကျောက်စာနှင့် တစ်ဆယ့်နှစ်ရာစုအထိ မြန်မာနိုင်ငံအနှံ့အပြား၌ တွေ့ရသော မြေပုံဘုရားများတွင် တွေ့နိုင်ပါသည်။ သို့သော် တခြားကျောက်စာများစွာကား လေးရာစုတောင်ပိုင်း အိန္ဒိယအရေးအသားနှင့်ဖြစ်သောကြောင့် မြန်မာနိုင်ငံသုံးအက္ခရာများမှာ တောင်ပိုင်းအိန္ဒိယ၏ လေးရာစု ရေးနည်းများမှ ဆင်းသက်လာသည်ဟု အချုပ်အားဖြင့် မှတ်ယူရပါမည်။ " ဟုဆိုပါတယ်။ အထက်ပါ သမိုင်းပညာရှင်ဒေါက်တာသန်းထွန်းရဲ့ သုတေသနပြုချက်မှာ (က) ရခိုင်၊ ပျူ၊ မြန်မာတွေဟာ အိန္ဒိယစာရေးနည်းအတိုင်းရေးတယ်။ (ခ) နောက်ပိုင်းမှာ ကိုယ်နည်းကိုဟန်ဖြင့် ထွင်ပြီးသုံးတယ်။ (ဂ) ယနေ့စာပေဟာ အိန္ဒိယက ဆင်းသက်လာတယ်လို့ပြောတယ်။ ဆိုတော့ မြန်မာနိုင်ငံမှာရှိတဲ့ ရှေးကျောက်စာတွေမှာ အိန္ဒိယအက္ခရာတွေနဲ့ ရေးထိုးထားတိုင်း ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီခေါ်တောတွေပြောသလို ဒီနေ့မြန်မာနိုင်ငံမှာ ဘင်္ဂလီခေါ်တောတွေက မြန်မာတိုင်းရင်းသားတွေထက် အရင်ရှိနေတယ်ဆိုတဲ့ အယူအဆဟာ ကလေးအတွေးသာဖြစ်တယ်လို့ပြောချင်တယ်။ အက္ခရာစာပေဆင်းသက်ပုံ ပြန့်ပွားပုံ လူမျိုးနွယ်စု ဆင်းသက်ပုံကို အကြမ်းအားဖြင့် လူပြိန်းသိ အသိလောက်တောင်မရှိဘဲ ပညာရှင်ပုံစံမျိုးလေသံနဲ့ ပြောနေခြင်း ရေးနေခြင်းကတော့ ရှက်ဖို့ကောင်းပါတယ်။ နောက်တချက် ပြောချင်တာက မြန်မာနိုင်ငံထဲက ကချင်၊ အာရှထဲက ဗီယနမ်တွေဟာလည်း အင်္ဂလိပ်အက္ခရာတွေနဲ့ သူတို့စာပေကို ရေးသားပါတယ်။ အဲဒီလို ရေးသားတိုင်း ဒီလူမျိုးတွေဟာ အင်္ဂလိပ်တွေလို့ပြောရင် လူရီစရာဖြစ်သလိုမျိုး ဖြစ်ပါလိမ့်မယ်။ ပျူလူမျိုးတွေ ပျူစာကို တီထွင် မသုံးခင်က ဗြာဟ္မီအက္ခရာကို လေးရာစုက သုံးခဲ့ဖူးတယ်။ ရခိုင်မှာ ရခိုင်စာကို တီထွင် မသုံးခင် သက္ကတဘာသာကို အေဒီ ငါးရာ့ငါးဆယ်ခန့်ကသုံးစွဲခဲ့တယ်။ ခြွင်းချက်အနေနဲ့ ခြောက်ရာစုခန့်က ပါဠိဘာသာနဲ့ရေးထိုးထားတဲ့ ဝေသာလီဘုရားကြီးကုန်းကျောက်စာနဲ့ အေဒီ ခြောက်ရာ့သုံးဆယ်ခန့်က ပါဠိပျက်နဲ့ ရေးထိုးထားတဲ့ သင်းချပ်တော်တောင်က ကျောက်စာတွေလည်းရှိတယ်။ မြန်မာတွေလည်း မြန်မာစာကို တီထွင်မသုံးခင်က သက္ကတဘာသာကိုသုံးလိုက်၊ ပါဠိကိုသုံးလိုက်၊ ပျူဘာသာကို သုံးလိုက်၊ မွန်ဘာသာကို သုံးလိုက်နဲ့နေခဲ့ပြီးမှ မြန်မာစာကို အေဒီ (၁၁၁၃)မှ စတင်သုံးစွဲခဲ့တယ်။ ဒီနေရာမှာ ထပ်ပြော ချင်တာက ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီခေါ်တောတွေပြောသလို ဆိုရင် မြန်မာတွေဟာ မြန်မာမဖြစ်ခင်က ကုလားဖြစ်လိုက်၊ ပျူဖြစ်လိုက် ၊ မွန်ဖြစ်လိုက်လို့ပြောရမလိုဖြစ်နေတယ်။ ဒေါက်တာသန်းထွန်းက ခေတ်ဟောင်းမြန်မာရာဇ၀င်မှာ " ဥဿီ ၊ ဥဿာ၊ ဥဿာလ ဟု ရှေးက ခေါ်ဆိုကာမျှဖြင့် အိန္ဒိယအရှေ့ကမ်းခြေရှိ သြရိဿမှ ကုလားတို့ မြို့ရွာတည်၍ နေခဲ့ဖူးသည်ဟူ၍ မဆိုသာချေ။ " ဟုထောက်ပြခဲ့တယ်။ ဒါကြောင့် ဒီနေ့ မြန်မာနိုင်ငံမှာ ကုလားယဉ်ကျေးမှုနဲ့ ကုလားစာပေများ သုံးစွဲခဲ့ဖူးတာနဲ့ ဘင်္ဂလီခေါ်တောတွေ ပြောသလို ဒီတိုင်းပြည်ဟာ ဘင်္ဂလီခေါ်တောတိုင်းပြည်မဟုတ်ဆိုတာ ပြောချင်တယ်။ ။ ခိုင်လင်း(မေဃ၀တီ