ရခိုင်တို့၏ သူ့ကျွန်ဘ၀ကျရောက်ခြင်း ၀မ်းနည်းကြေကွဲစရာ

ရခိုင်လူမျိုးတို့သည် နှစ်ပေါင်း(၅၀၀၀)ကျော်ကိုယ့်ထီး ကိုယ့်နန်းနန့်နိန်လာခဲ့သောရခိုင်နိုင်ငံတော်အား ။ ရခိုင်သက္ကရာဇ် (၁၁၄၆)ခု ပြာသိုလ်လပြည့်ကျော်(၇)ရက် ခရာစ်သက္ကရာဇ်(၁၇၈၄)ခု ဒီဇင်ဘာ(၃၁)ရက်တွင်မြောက်ဦးရွှေမြို့တော်နှင့် ရခိုင်တစ်ပြည်လုံးသည် ဗမာဘုရင်ဘော်တော်မောင်ဝိုင်း စစ်မကျေညာမပြောဆိုပဲ မတရားသိမ်းပိုက်လိုက်သောကြောင်း ဗမာနယ်ချဲ့ ပဒေသရာဇ်မောင်းဝိုင်းလက်အောက်သို့ကျရောက်ခဲ့ရသည်။ ဗမာဘုရင်မောင်ဝိုင်း၏သား အိမ်ရှေမင်းသားမောင်ပေါ်သည် မြို့ဝန်အန္ဒပကျန်နှင့် မင်းကြီးမင်းခေါင်းကျော် အမှူ့ပြုသော နောက်လိုက်နောက်ပါတစ်သောင်းနှင့်အတူ ရခိုင်ပြည်သူများကို ဖိနှိပ်ကျွန်ပြုရန်ထားခဲ့ပြီ ရခိုင်ဘုရင်မဟာ သမ္မတရာဇာနှင့် မိဘုရားမြသန္တာ မှူးမတ်ပညာဟိ စာပေကျမ်းဂန်တတ် ရဟန်ပညာဟိများနှင့် ရခိုင်ပြည်သူ နှစ်သိန်းကျော်ကို ချွေးတပ်ဆွဲပြီး ဗမာပြည်သို့ ခေါ်သွားခဲ့သည်။ ရခိုင်ပြည်သူတို့ အသက်တမျှတန်ဖိုးထားကိုးကွယ်သော မဟာမြတ်မုနိရုပ်ရှင်တော်ကိုလည်း အပိုင်းပိုင်းဖြတ်ကာ ဗမာပြည်မန္တလေးသို့ အတင်းအဓမ္မသိမ်းယူသွားခဲ့သည် မန္တလေးမှာ ရခိုင်ဘုရင်သမ္မတရာဇာနှင့် မိဘုရားမြသန္တာကိုလည်း ကွာရှင်းလက်မှတ် အတင်းထိုးခိုင်းပြီး အဓမ္မပြုကျင့်ကြလေသည် ထိုးအချိန်မှစပြီး နှစ်ပေါင်း(၅၀၀၀)ကျော် ရှည်ခဲ့သော ရခိုင်အချုပ်အခြာအာဏာသည် ပြိုလဲပျက်စီးကာ ရခိုင်ပြည်သူများသည် ကူသူမတွီး ကယ်သူမဟိဘဲ ဘေးလွတ်ရာသို့ ထွက်ပြီးခဲ့ကြရသည် ဗမာနယ်ချဲ့တို့သည် ရခိုင်ပြည်အားသိမ်းပိုက်ချိန်မှစပြီး လူမျိုးရေးအရ နည်းမျိုးစုံသုံး သွီးနှောစေခြင်း စာပေကိုဖျက်စီးပြီး ရခိုင်ယဉ်ကျေးမှုများကို ဗမာမှုပြုခြင်းဖြင့် ရခိုင်တို့၏အမျိုးသားရေး လက္ခဏာကို တစ်စတစ်စ ဖျောက်ဖျက်ဖို့ကြိုးစားလာခဲ့ကြသည် ယဉ်ကျေးမှုကိုဖျက်စီးခြင်း စစ်ရေးအရ ရက်စက်စွာသတ်ဖြတ်ခြင်း န၀တနှင့် နအဖ ခေတ်အဆက်ဆက် ရခိုင်အမျိုးတို့၏ ဘိုးဘွားအမွေ ရခိုင်ပြည်တွင်ပင် ခြီသုတ်ပုဆိုး မြွေစွယ်ကျိုးဘ၀ဖြင့် အသက်ရှင်နီရသည်မှာ ယခုထိပင်ဖြစ်ပေသည်။

SHARE THIS
Previous Post
Next Post