by Coral Arakan News ၊ 30 December 2012
ရခိုင်သမိုင်းသုတေသီ မောင်ဗသိန်းအား ရက္ခိတမျိုးစောင့်ဆု
ချီးမြှင့်ပွဲ သည့် အခမ်းအနားကို ကျင်းပ ယနေ့မွန်းလွဲ နှစ်နာရီခန့်တွင်
စစ်တွေမြို့ စေတနာမိုး လက်ဖက်ရည်ဆိုင်တွင် ကျင်းပရာ
ရခိုင်စာပေအသိုင်းအ၀ိုင်း နှင့် စစ်တွေဒေသခံ အလွာစုံတို့မှ
လူပေါင်းကိုးဆယ်ကျော် တက်ရောက်ခဲ့ကြသည်။
လူငယ်ဘဝ
ရခိုင်လွတ်မြောက်ရေး မြေအောက်လှုပ်ရှားသူ တစ်ဦးဖြစ်ခဲ့သည့် အငြိမ်းစား
မြို့နယ်ပညာရေးမှူး ဆရာကြီး (ဦး) မောင်ဗသိန်း ၏ ဘ၀ တစ်သက်တာတွင်
ဆောင်ရွက်ခဲ့သည့် အောက်ပါ ဆောင်ရွက် ပြီးမြောက်မှု များကြောင့်
ဆုချီးမြှင့်ရခြင်းဖြစ်သည် ဟု ဆုချီးမြှင့်လွှာတွင် အောက်ပါအတိုင်း
ဖော်ပြထားသည်။
============
ရခိုင်သမိုင်းသုတေသီ ပညာရှင် ဆရာကြီး (ဦး)မောင်ဗသိန်း သည် . . . . . .
၁။ ဘုံဘောက်သာကျော်အမည်ဖြင့် စာတမ်းပြုစု တင်ပြကာ (၁၉၉၀) ရွေးကောက်ပွဲတွင်
စစ်တကောင်း ဘင်္ဂါလီများက “ရိုဟင်ဂျာ” အမည်ဖြင့် ၀င်ရောက်အရွေးခံမည့်
အန္တရာယ်အား ကာကွယ်နိုင် ခဲ့ခြင်း။
၂။ သမိုင်းပါမောက္ခ
ဒေါက်တာသန်းထွန်း ၏ ဘူးသီးတောင်-မောင်တော ဒေသမှ မူဆလင်များအား “ရိုဟင်ဂျာ”
လူမျိုး ဟု ဖောပြခဲ့သည်ကို ရခိုင်မျိုးချစ်များ နှင့် လက်တွဲကာ
သမိုင်းအထောက်အထားများ ခိုင်ခိုင်လုံလုံဖြင့် ပြန်လည်ချေပရှင်းလင်းခဲ့၍
ဒေါက်တာသန်းထွန်း၏ အမှားဝန်ခံချက်ကို ရယူနိုင်ခဲ့ခြင်းကြောင့်
ဖြေရှင်းရခက်ခဲမည့် သမိုင်းအန္တရာယ်ဆိုး တစ်ခုကို
ကြိုတင်ကာကွယ်နိုင်ခဲ့ခြင်း။
၃။ “လူ့အခွင့်အရေးအရေခြုံ
ရိဟင်ဂျာအမည်ခံ စစ်တကောင်းနွယ်ဝင် ဘင်္ဂါလီတို့၏ နယ်သစ်ချဲ့ထွင်ရေး
သမိုင်းလိမ်ကို ဝေဖန်ခြင်း” စာအုပ်ကို ရေးသားပြုစုပြီး (၁၉၉၀)
နောက်ပိုင်းမှစ၍ နိုင်ငံတကာ မျက်နှာစာတွင် သမိုင်းလိမ်များဖြင့်
ဝင်ရောက်ထိုးဖောက် နေရာယူလာကြသည့် ရိုဟင်ဂျာအမည်ခံများ၏ သရုပ်မှန်ကို
ဖွင့်လှစ် ပြသနိုင်ခဲ့ခြင်း။
၎။ “ကိုလိုနီဆိုးမွေခံ
ရခိုင်ပြည်နယ် နှင့် စစ်တကောင်းသား ဘင်္ဂါလီမူဆလင်တို့၏ နယ်သစ်ချဲ့ရေးထကြွမှု”
စာတမ်းကြီးကို ပြုစုပြီး ကြိုတင်ဖြန့်ချိထားနိုင်ခဲ့သောကြောင့်
လက်ရှိပဋိပက္ခဖြစ်ပွားလာသောအခါ ရခိုင်ခေါင်းဆောင်များသည် ခိုင်မာသော
သမိုင်းအထောက်အထားများကို အဆင်သင့်ရရှိခဲ့ရုံမျှမက မိမိတို့၏ ပကတိ
အခြေအနေမှန်ကို တူညီသောအမြင်ဖြင့် တစ်သံတည်းထွက်လာနိုင်ခဲ့ခြင်း။
၅။ ရခိုင်စာပေ ဖော်ထုတ်ထိန်းသိမ်းရေးကို တစိုက်မတ်မတ်
ကြိုးပမ်းလုပ်ဆောင်လာခဲ့ပြီး အပြောအခြေပြု ရခိုင်စာပေ ခရီးလမ်းကို
ပေါ်ပေါက်စေခဲ့ခြင်း။
ထိုသို့ ဆရာကြီး၏ ဘ၀တစ်လျှောက်လုံးဆောင်ရွက်ခဲ့သော အမျိုးသားရေး အကျိုးပြုစွမ်းဆောင်ချက်များသည်
ရခိုင်ပြည်-ရခိုင်လူမျိုး ထာဝရ ရပ်တည်ရှင်သန် နိုင်ရေးအတွက် ကြီးမားသော
အကျိုးတရားများဖြင့် ထိရောက်စွာ ထောက်ပံ့ပေးနိုင်ခဲ့သောကြောင့် “ဆရာကြီး
ဦးမောင်ဗသိန်း” အား ရခိုင်မျိုးစောင့် ပုဂ္ဂိုလ်ကြီး အဖြစ်ဖြင့် ဤ
“ရက္ခိတမျိုးစောင်ဆု” ကို ငွေသား အမေရိကန်ဒေါ်လာ (၁၀၀၀) နှင့်အတူ ချီးမြှင့်
ဂုဏ်ပြုအပ်ပါသည်။
==========
( Coral Arakan News )
၅။ ရခိုင်စာပေ ဖော်ထုတ်ထိန်းသိမ်းရေးကို တစိုက်မတ်မတ် ကြိုးပမ်းလုပ်ဆောင်လာခဲ့ပြီး အပြောအခြေပြု ရခိုင်စာပေ ခရီးလမ်းကို ပေါ်ပေါက်စေခဲ့ခြင်း။
ထိုသို့ ဆရာကြီး၏ ဘ၀တစ်လျှောက်လုံးဆောင်ရွက်ခဲ့သေ
==========
( Coral Arakan News )