အမေရိကန် မူလတန်း ကျောင်းတွင် သေနတ်ဖြင့် ပစ်ခတ်မှု ကြောင့် ၂၈ဦး သေဆုံး

အမေရိကန် ပြည်ထောင်စု ကွန်နက်တိကတ် ပြည်နယ် နယူတန် မြို့ရှိ မူလတန်း ကျောင်းတစ်ခုတွင် လက်နက်များ ကိုင်ဆောင်လာသော လူတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်မှု ကြောင့် မူလတန်းေ ကျာင်းသား ၂၀ဦး အပါအဝင်လူ ၂၈ဦး သေဆုံးသွားကြောင်း ဘီဘီစီ သတင်းတွင် ဖော်ပြထားသည်။ အဆိုပါ သေနတ်ဖြင့် ပစ်ခတ်သူမှာ အသက်၂၀ အရွယ်ရှိ အဒမ်လန်ဇာ ဆိုသူ ဖြစ်မည်ဟု ယူဆ ရပြီး ၎င်းကိုယ်တိုင် မှာလည်း သေဆုံးသွားခဲ့သည်။ ကျည်ကာ အကျီင်္ အပါအဝင် တိုက်ပွဲဝင်သည့် ပုံစံ ဝတ်စား ထားသော အဒမ်လန်ဇာသည် မူလတန်း ကျောင်းတွင် သေနတ်ဖြင့် ပစ်ခတ်ခြင်းမပြုမီ ၎င်း၏ မိခင်ဖြစ်သူကိုလည်း သတ်ခဲ့ဖွယ် ရှိသည်ဟု ယူဆ ခံနေရသည်။ ယခု ဖြစ်ရပ်သည် အဆိုးဝါး ဆုံးသော ကျောင်းတွင်း ပစ်ခတ် တိုက်ခိုက်မှု များတွင် တစ်ခု အပါအဝင် ဖြစ်ပြီး၂၀၀၇ ခုနှစ်က လည်း ဗာဂျီးနီးယား နည်းပညာ တက္ကသိုလ်တွင် ကျောင်းသား တစ်ဦး၏ ပစ်ခတ် တိုက်ခိုက်မှုကြောင့် လူ၃၇ဦး သေဆုံး သွားခဲ့ပြီး လူပေါင်း များစွာ ဒဏ်ရာ ရရှိခဲ့သည်။ ယင်းဖြစ်ရပ် အပြီးတွင် အမေရိကန် ပြည်ထောင်စု၌ မကြာခဏ ဖြစ်ပွားလေ့ ရှိသော သေနတ်ကိုင်၍ ပြစ်မှု ကျူးလွန် နေမှုကို မှန်ကန်သော တုံ့ပြန် အရေးယူ မှုများ ပြုလုပ်သင့်ပြီ ဖြစ်ကြောင်း အမေရိကန် သမ္မတ အိုဘားမားက ရုပ်မြင်သံကြား မှတဆင့် မိန့်ခွန်း ပြောကြား ခဲ့သည်။ သေနတ်ဖြင့် ပစ်ခတ် တိုက်ခိုက်သည့် ပြစ်မှုများ မကြာခဏ ဖြစ်ပွား လေ့ရှိသော အမေရိကန် ပြည်ထောင်စုတွင် ယခု ပစ်ခတ် တိုက်ခိုက်မှုသည် ၂၀၁၂ခုနှစ် အတွင်း ၃ ကြိမ်မြောက် ဖြစ်ပွားခြင်းလည်း ဖြစ်သည်။ ၂၀၁၂ခုနှစ် ဇူလိုင်လက ကော်လိုရာဒို ပြည်နယ်တွင် Batman ရုပ်ရှင် ပြသနေစဉ် လူတစ်ဦး၏ သေနတ်ဖြင့် ပစ်ခတ် တိုက်ခိုက်မှု ကြောင့် လူ ၁၂ ဦး သေဆုံး ခဲ့ပြီး သြဂုတ်လက ဝင်ကွန်စတင် ပြည်နယ်ရှိ ဆစ်ခ် ဘုရားကျောင်း တွင် လူတစ်ဦး၏ သေနတ်ဖြင့် ပစ်ခတ် တိုက်ခိုက်မှုကြောင့် လူ ၆ ဦး သေဆုံးခဲ့သည်။

SHARE THIS
Previous Post
Next Post