ကမ္ဘာကျော် အမေရိကန်အဆိုတော် ဂျေဆင်မရက်ဇ် တေးဂီတဖျော်ဖြေပွဲ

ကမ္ဘာကျော် အမေရိကန်အဆိုတော် ဂျေဆင်မရက်ဇ် ပါဝင်ဖျော်ဖြေမည့် လူကုန်ကူးမှု အန္တရာယ် အသိပညာပေး တေးဂီတဖျော်ဖြေပွဲကို ရန်ကုန်မြို့၊ ရွှေတီဂုံစေတီတော်အနီးရှိ ပြည်သူ့ရင်ပြင်၌ ယနေ့ (ဒီဇင်ဘာလ ၁၆ ရက်) နေ့ညနေပိုင်းမှ စတင်ကျင်းပလျက်ရှိကြောင်းသိရသည်။ အဆိုပါ ဂီတဖျော်ဖြေပွဲကို လူကုန်ကူးမှု တားဆီကာကွယ်ရေး ဗဟိုအဖွဲ့နှင့် MTV EXIT တို့မှ ပူးပေါင်း၍ ကို အခမဲ့ ကျင်းပခြင်းဖြစ်ပြီး အမေရိကန်အဆိုတော် ဂျေဆင်မရက်နှင့်အတူ ထိုင်းနိုင်ငံမှ နာမည်ကြီးတီးဝိုင်းမှပါဝင်ဖျော်ဖြေသွားမည်ဖြစ်ပြီး ပြည်တွင်းမှ အနုပညာရှင်များ ပါဝင်ဖျော်ဖြေသွားမည်ဖြစ်ကြောင်းသိရသည်။ ဖျော်ဖြေပွဲ၏ ပထမဆုံးဖျော်ဖြေမှုကို တေးသံရှင်ချမ်းချမ်းမှ စတင်ဖျော်ဖြေခဲ့ကြောင်းသိရသည်။ ယင်းဂီတဖျော်ဖြေပွဲကျင်းပနေမှုကြောင့် ရှင်စောပုလမ်းနှင့် အလုံလမ်းကြားရှိ ပြည်လမ်းမကြီးအား ယနေ့ညနေ ၄ နာရီမှ စတင်ပိတ်ဆို့မှုများပြုလုပ်ခဲ့ပြီး ဖျော်ဖြေပွဲပြီးဆုံးချိန်အထိ အဆိုပါလမ်းအားခေတ္တပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။ ကမ္ဘာကျော် အမေရိကန်အဆိုတော် ဂျေဆင်မရက်ဇ် ပါဝင်ဖျော်ဖြေမည့် လူကုန်ကူးမှု အန္တရာယ် အသိပညာပေး တေးဂီတဖျော်ဖြေပွဲကို ရန်ကုန်မြို့၊ ရွှေတီဂုံစေတီတော်အနီးရှိ ပြည်သူ့ရင်ပြင်၌ ယနေ့ (ဒီဇင်ဘာလ ၁၆ ရက်) နေ့ညနေပိုင်းမှ စတင်ကျင်းပလျက်ရှိကြောင်းသိရသည်။ အဆိုပါ ဂီတဖျော်ဖြေပွဲကို လူကုန်ကူးမှု တားဆီကာကွယ်ရေး ဗဟိုအဖွဲ့နှင့် MTV EXIT တို့မှ ပူးပေါင်း၍ ကို အခမဲ့ ကျင်းပခြင်းဖြစ်ပြီး အမေရိကန်အဆိုတော် ဂျေဆင်မရက်နှင့်အတူ ထိုင်းနိုင်ငံမှ နာမည်ကြီးတီးဝိုင်းမှပါဝင်ဖျော်ဖြေသွားမည်ဖြစ်ပြီး ပြည်တွင်းမှ အနုပညာရှင်များ ပါဝင်ဖျော်ဖြေသွားမည်ဖြစ်ကြောင်းသိရသည်။ ဖျော်ဖြေပွဲ၏ ပထမဆုံးဖျော်ဖြေမှုကို တေးသံရှင်ချမ်းချမ်းမှ စတင်ဖျော်ဖြေခဲ့ကြောင်းသိရသည်။ ယင်းဂီတဖျော်ဖြေပွဲကျင်းပနေမှုကြောင့် ရှင်စောပုလမ်းနှင့် အလုံလမ်းကြားရှိ ပြည်လမ်းမကြီးအား ယနေ့ညနေ ၄ နာရီမှ စတင်ပိတ်ဆို့မှုများပြုလုပ်ခဲ့ပြီး ဖျော်ဖြေပွဲပြီးဆုံးချိန်အထိ အဆိုပါလမ်းအားခေတ္တပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။

SHARE THIS
Previous Post
Next Post