တပ်မတော်မှ လဂျားယန်သို့ ရိက္ခာပို့၊ အုပ်ချုပ်မှု ကိစ္စများ ဆောင်ရွက်ရန် သွားရောက်မည် ဖြစ်ကြောင်း ကြိုတင် အကြောင်းကြားပြီး ဖြစ်သည်။ တပ်မတော်မှ လိုင်ဇာကို တိုက်မည်ဟု ကြေငြာခဲ့ခြင်း မရှိ။ သို့သော် ကောက် ကျစ်သော ကေအိုင်အေတို့သည် ဒုက္ခသည်များအား လိုင်ဇာဌာနချုပ်ရှေ့တွင် လူသား တံတိုင်းအဖြစ် ကြောက်လန့် တကြား ထားရှိနေကြောင်း သတင်း ရရှိသည်။
ဒီဇင်ဘာ ၂၈ မှ ၃၀ ရက် အတွင်း ဒုက္ခသည် စခန်းများမှ လူများအား လဂျားယန်နှင့် လိုင်ဇာကြား ဒုက္ခသည် စခန်းအဖြစ် ပြောင်းလဲ ထားရှိခဲ့သည်။ ထို့ပြင် ဒုက္ခသည် စခန်းများ ဖြစ်ကြောင်း သိသာစေရန် အလံများထောင် ခြင်း၊ လူများ လှုပ်ရှားနေစေခြင်းတို့ကို ပြုလုပ်လျှက် ရှိကာ တပ်မတော်(လေ)မှ ဗုံးလာကြဲလိမ့်မည် ဖြစ်ကြောင်း၊ ထိုသို့ မကြဲအောင် ကေအိုင်အေမှ ကာကွယ်ပေးမည် ဖြစ်ကြောင်း ပြောပြီး လိုင်ဇာဌာနချုပ်ရှေ့တွင် အလံ ထောင်ကာ ဒုက္ခသည် စခန်းအဖြစ် ထားရှိထားကြောင်း ဆိုသည်။ ကေအိုင်အို ခေါင်းဆောင်များနှင့် ပတ်သက် သည့် မိသားစုများနှင့် ကေအိုင်အို ခေါင်းဆောင် ပိုင်းများကတော့ တစ်ဖက် နိုင်ငံအတွင်းသို့ ထွက်ပြေး သွားပြီ ဖြစ်သည်။
တပ်မတော်၏ ရိက္ခာပို့ စစ်ကြောင်းများအား လိုင်ဇာကို လာတိုက်မည့် စစ်ကြောင်းများဟု ထင်ကာ နောက် ကွယ် မှ လိုက်လံ တိုက်ခိုက်ခြင်းများ ပြုလုပ်လျှက် ရှိပြီး တပ်မတော်မှ ရိက္ခာပို့သည့်ကိစ္စအား တပ်ရင်း(၃) ရင်းဖြစ်သာ ဆောင်ရွက်လျှက် ရှိကြောင်း သိရသည်။
လိုက်လံတိုက်ခိုက်မှုကြောင့် ၃ ရက်အတွင်း မြန်မာ့ တပ်မတော်မှ အင်အား(၃၀)ခန့် ကျဆုံးသော်လည်း အထက် အမိန့်တွင် လိုင်ဇာကို တိုက်မည်ဟု ညွှန်ကြားထားခြင်း မရှိကြောင်း၊ ရိက္ခာပို့ ကိစ္စသက်သက်သာ လုံခြုံရေး လိုက်ပါလုပ်ဆောင်ပေးရန် ဖြစ်ကြောင်း မြန်မာ့တပ်မတော် အရာရှိ တစ်ဦးမှ ပြောကြားသည်။
ကျွန်တော်တို့ကို ပစ်ခတ်တာတွေ လုပ်တယ်။ ပြန်ပစ်မယ်ဆိုပြီး ပစ်မှတ် နေရာကို ကြည့်လိုက်တော့ ဒုက္ခ သည် တွေနဲ့ ဒီကောင်တွေ ရောထွေးနေ တယ်။ ပြန်ပစ်ဖို့ အမိန့်တောင်းလိုက်တိုင်း မပစ်နဲ့။ ဒုက္ခသည်တွေ ရှိနေ တယ် ဆိုတော့ ကျွန်တော်တို့ ထပ်ပြီး အသေခံရသလို မဖြစ်နေဘူးလား လို့ သူက ဆက်ပြီး ပြောခဲ့ ပါတယ်။
တရုတ် မြန်မာ နယ်စပ်နှင့် လိုင်ဇာ ပတ်လည်တွင် ကေအိုင်အေမှ ထိန်းချုပ် ထားသည့် ဒုက္ခသည် စခန်း ၃၀ ကျော်ရှိ သည်ဟု ကေအိုင်အေမှ ကြေငြာ ခဲ့သည်။
Source : http://www.oppositeyes.info/2012/12/blog-post_30.html
အေးချမ်းမွန်မှ Royal Hero Media တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
ရန်ကုန် မြို့တော်ခန်းမနှင့် အနီးဝန်းကျင်ရှိ ရှေးဟောင်းအဆောက်အအုံ များ၏ သမိုင်းအချက် အလက်များကို ကမ္ပည်းရေးထိုးမည် Sunday, June 23, 2013 ရန်ကုန်မြို့တော်ခန်းမ အနီးဝန်းကျင်ရှိ ရှေးဟောင်းအဆောက် အအုံများတွင်
နှစ်ကုန်ရင် နိုင်ငံရေး အကျဉ်းသား တယောက်မှ ထောင်ထဲ မကျန်စေရဘူးလို့ ကတိပေး Tuesday, July 16, 2013 ဗြိတိန် နိုင်ငံကို ပထမဆုံး တရားဝင် ခရီးစဉ် အဖြစ် ရောက်နေတဲ့ မြန်မာ
ငြိမ်းချမ်းရေးအတွက် ပြည်ပထောက်ပံ့ငွေကို အဓိကမထားဖို့ ဆုံးဖြတ် Wednesday, July 03, 2013 မနေ့ကကျင်းပခဲ့တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအေ
ရခိုင်အမျိုးသား ညီလာခံ ဖြစ်မြောက်ရေး အဖွဲ့ စစ်တွေတွင် လူထုနှင့်တွေ့ဆုံ ရခိုင်အမျိုးသား ညီလာခံ ဖြစ်မြောက်ရေး အဖွဲ့ (ယာယီ)မှ တာဝန်ရှိသူများသည် ညီလာခံ ဖြစ်မြောက်ရေး
ဂက်စ်ပိုက်ပေါက်၍ ဒိုင်နာလိုင်းကား မီးလောင်မှုဖြစ် ယာဉ်မောင်း မြင့်စိုး-လှိုင်သာယာမြို့နယ်နေသူ မောင်းနှင်သည့် ၂၂၆(အစိမ်း)လိုင်း၊ ဒိုင်နာယာဉ်သည် ၁၆
အရိုက်ခံရတယ်ဆိုတဲ့အမျိုးသမီး ကိစ္စ မေမြို့ NLD ပြန်ရှင်း Saturday, June 15, 2013 ဧရာဝတီသတင်းဌာနက ယမန်နေ့က မေမြို့ ( ပြင်ဦးလွင်)မှာ ဒေါ်အောင်ဆန်းစြု
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)