ပြီးခဲ့သည့် ဒီဇင်ဘာလ ၂ ရက်နေ့တွင်
ကမ္ဘောဒီးယားနိုင်ငံ၊ အနောက်ပိုင်းဒေသတွင် တရုတ် ကုမ္ပဏီတစ်ခုက တည်ဆောက်လျက်ရှိသော ဆည်၏အချို့ အစိတ်အပိုင်းများ ပြိုကျမှုဖြစ်ပွားခဲ့ပြီး အလုပ်သမား လေးဦးပျောက်ဆုံးသွားခဲ့ပါသည်။
ဆည်တည်ဆောက်ရေး လုပ်ငန်းများကို ရပ်နားထားရပြီး ကမ္ဘောဒီးယား နိုင်ငံ အနောက် ပိုင်းရှိ အာတေး မြစ်ပေါ်တွင်ရှိသော တည်ဆောက်ဆဲ ဆည်တစ်ခုသည် ပြိုကျမှု အနည်းငယ်ဖြစ်ပွားပြီး အလုပ်သမား လေးဦး ပျောက်ဆုံးနေခဲ့ပါသည်။
ပြိုကျမှုဖြစ်သည့် အကြောင်းရင်းမှာ ဆည်သည် သိုလှောင်နိုင်သည့် ပမာဏထက် ပိုများသော ရေပမာဏအား သိုလှောင် ထားခြင်းကြောင့် ဖြစ်ပြီး ယိုစိမ့်မှုများစတင်ဖြစ်ပွားနေ ခဲ့ကြောင်း ခရိုင်ရဲမှူးကြီး Maj Theang Lengက ဆိုသည်။
အဆိုပါ ပြိုကျမှုကြောင့် အခြားအလုပ်သမား လေးဦးတို့မှာလည်း ဆိုးဆိုး ရွားရွား ထိခိုက်ဒဏ်ရာ ရခဲ့ပြီး ပျောက်ဆုံးနေသော အလုပ်သမား လေးဦးမှာမူ ယခုအချိန်အထိ ရှာဖွေတွေ့ရှိခြင်းမရှိသေးဟု သိရသည်။
ယခု ဖြစ်ရပ်ကြောင့် တည် ဆောက်ရေးလုပ်ငန်းများကို ရပ်နား ထားပြီး အပျက်အစီးပမာဏကို လေ့လာမှုပြုလုပ်လျက်ရှိသည်ဟု ခရိုင်ရဲမှူးကြီးက ဆိုသည်။ ကမ္ဘောဒီးယား နိုင်ငံသည် လျှပ်စစ် လိုအပ်ချက် များပြားနေခြင်း ကြောင့်မြစ်ချောင်းများတွင် ရေအား လျှပ်စစ်စီမံကိန်းများ အလုံးအရင်း နှင့်တည်ဆောက်နေခြင်းကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးအဖွဲ့များ၏ ဝေဖန်မှုကို ခံနေရသည်။
ယခု ပြိုကျမှုဖြစ်ခဲ့သော ရေ ကာတာတည်ဆောက်မှုကို ၂ဝဝ၈ခုနှစ်တွင် စတင်ခဲ့ပြီး ၂ဝ၁၃ ခုနှစ် မေလတွင် ပြီးစီးရန်သတ်မှတ် ထားသည်။ အမေရိကန်ဒေါ်လာ ၂၅၅ သန်းကုန်ကျမည့် ဤစီမံကိန်းအား တရုတ်ကုမ္ပဏီ China Datarg Corp က တည်ဆောက် ခြင်းဖြစ်ပြီး နှစ်ပေါင်း ၃ဝ ကြာလုပ် ကိုင်ခွင်ရမည် ဖြစ်သည်။
ကမ္ဘောဒီးယားနိုင်ငံတွင် တရုက်ကုမ္ပဏီမှ ဆောက်လုပ်သော ရေကာ တာ ပြိုကျမှုဖြစ်ပွားခဲ့ ပြီးခဲ့သည့် ဒီဇင်ဘာလ ၂ ရက်နေ့တွင် ကမ္ဘောဒီးယားနိုင်ငံ၊ အနောက်ပိုင်းဒေသတွင် တရုတ် ကုမ္ပဏီတစ်ခုက တည်ဆောက်လျက်ရှိသော ဆည်၏အချို့ အစိတ်အပိုင်းများ ပြိုကျမှုဖြစ်ပွားခဲ့ပြီး အလုပ်သမား လေးဦးပျောက်ဆုံးသွားခဲ့ပါသည်။ ဆည်တည်ဆောက်ရေး လုပ်ငန်းများကို ရပ်နားထားရပြီး ကမ္ဘောဒီးယား နိုင်ငံ အနောက် ပိုင်းရှိ အာတေး မြစ်ပေါ်တွင်ရှိသော တည်ဆောက်ဆဲ ဆည်တစ်ခုသည် ပြိုကျမှု အနည်းငယ်ဖြစ်ပွားပြီး အလုပ်သမား လေးဦး ပျောက်ဆုံးနေခဲ့ပါသည်။ ပြိုကျမှုဖြစ်သည့် အကြောင်းရင်းမှာ ဆည်သည် သိုလှောင်နိုင်သည့် ပမာဏထက် ပိုများသော ရေပမာဏအား သိုလှောင် ထားခြင်းကြောင့် ဖြစ်ပြီး ယိုစိမ့်မှုများစတင်ဖြစ်ပွားနေ ခဲ့ကြောင်း ခရိုင်ရဲမှူးကြီး Maj Theang Lengက ဆိုသည်။ အဆိုပါ ပြိုကျမှုကြောင့် အခြားအလုပ်သမား လေးဦးတို့မှာလည်း ဆိုးဆိုး ရွားရွား ထိခိုက်ဒဏ်ရာ ရခဲ့ပြီး ပျောက်ဆုံးနေသော အလုပ်သမား လေးဦးမှာမူ ယခုအချိန်အထိ ရှာဖွေတွေ့ရှိခြင်းမရှိသေးဟု သိရသည်။ ယခု ဖြစ်ရပ်ကြောင့် တည် ဆောက်ရေးလုပ်ငန်းများကို ရပ်နား ထားပြီး အပျက်အစီးပမာဏကို လေ့လာမှုပြုလုပ်လျက်ရှိသည်ဟု ခရိုင်ရဲမှူးကြီးက ဆိုသည်။ ကမ္ဘောဒီးယား နိုင်ငံသည် လျှပ်စစ် လိုအပ်ချက် များပြားနေခြင်း ကြောင့်မြစ်ချောင်းများတွင် ရေအား လျှပ်စစ်စီမံကိန်းများ အလုံးအရင်း နှင့်တည်ဆောက်နေခြင်းကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးအဖွဲ့များ၏ ဝေဖန်မှုကို ခံနေရသည်။ ယခု ပြိုကျမှုဖြစ်ခဲ့သော ရေ ကာတာတည်ဆောက်မှုကို ၂ဝဝ၈ခုနှစ်တွင် စတင်ခဲ့ပြီး ၂ဝ၁၃ ခုနှစ် မေလတွင် ပြီးစီးရန်သတ်မှတ် ထားသည်။ အမေရိကန်ဒေါ်လာ ၂၅၅ သန်းကုန်ကျမည့် ဤစီမံကိန်းအား တရုတ်ကုမ္ပဏီ China Datarg Corp က တည်ဆောက် ခြင်းဖြစ်ပြီး နှစ်ပေါင်း ၃ဝ ကြာလုပ် ကိုင်ခွင်ရမည် ဖြစ်သည်။
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)
