ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် အဓိကလူသွားလာမှု အများဆံ
ုးဖြစ်သော ဗန္ဓုလတံတားမှာ ဟောင်းနွမ်းပြိုပျက်နေပြီဖြစ်ကာ ပြန် လည် ပြုပြင်ခြင်း မရှိသည့်အတွက် သွားလာရန် အလွန်အန္တရာယ် ရှိနေပြီး အချိန်မရွေး ပျက်စီးနိုင်သောကြောင့် ဒေသခံပြည်သူ လူထုများ စိုးရိမ်နေကြကြောင်း သိရှိရသည်။“ဗန္ဓုလတံတားက လူတွေ သီးသန့် သွားလာနေတဲ့ တံတားတစင်းမဟုတ်ဘူး။ မြောက်ဦးမြို့ကို ဆိုက်ရောက်လာကြတဲ့ သင်္ဘော၊ တခြား မော်တော်တွေကနေ ကုန်ပစ္စည်းတွေကို မြို့တွင်းကို သယ်ဆောင်တဲ့အခါလည်း ဒီတံတားကိုပဲ အသုံးပြုနေကြရတာ။ ဒီလို မရှိမဖြစ် အသုံးပြုနေရတဲ့ တံတားကို သက်ဆိုင်ရာတွေက စနစ်တကျ ထိန်းသိမ်းပြုပြင်မှု လုံးဝမရှိတော့ တံတားအခြေအနေ က တော်တော်ဆိုးဝါးနေပြီ။ အချိန်မရွေး ကျိုးပဲ့သွားနိုင်တော့ တံတားကို အသုံးပြုနေရသူတွေ အားလုံးက စိုးရိမ်နေကြတယ်” ဟု မြောက်ဦးမြို့မှ ကုန်သည်တစ်ဦးက Arakan Review သို့ ပြောသည်။
ဗန္ဓုလတံတားမှာ ၂၀၀၁ ခုနှစ်က ပြိုကျခဲ့သည့်အချိန်က ပြန်လည်တည်ဆောက်ထားသည့် တံတားဖြစ်ကာ ယခုအခါလုံးဝ ပြို ပျက်နေပြီဖြစ်ကာ လူသွားလာရန် မသင့်တော်လောက်အောင် အန္တရာယ်များပြားနေသော တံတားအိုကြီးမှာ ယခင်ပြိုပျက်ခဲ့သည့် တံတားကို ပြန်လည် ပြုပြင်ထားခြင်းဖြစ်ကြောင်း သိရသည်။
“တံတကားက အရမ်းကျဉ်းတော့ တဖက်နဲ့ တဖက်ကို အသွားအလာ လုပ်ဖို့ ရပ်နားပေးနေရတဲ့အတွက် နှောင့်နှေးမှုတွေ ဖြစ်စေ တယ်။ အယင်တုန်းက တံတား အဟောင်းရော၊ အသစ်ပါ နှစ်ခုလုံးကို အသုံးပြုခဲ့ကြတဲ့ အချိန်တွေက အဆင်ပြေခဲ့ပေမယ့် အခုတော့ တံတားတစင်းက သုံးမရဘဲ ပျက်စီးသွားတော့ အခက်အခဲ ဖြစ်နေရတယ်” ဟု သူက ဖြည့်စွက် ပြောကြားသည်။
ယင်းတံတားမှာ အရှည်ပေ (၁၅၀) ရှိပြီး တိုင်များမှာ အာမခံသစ်များဖြင့် ပြုလုပ်ထားခြင်း မဟုတ်သဖြင့် တိုင်များမှာ ဆွေးမြေ့ လာနေပြီ ဖြစ်ကာ ယမန်နှစ် မိုးတွင်းကာလက ရေပြည့်လျှံမှုကြောင့် ပိုမိုပျက်စီးသွားခဲ့သည်။ ယင်းသို့တံတား ပြိုကျရခြင်းမှာ စည်ပင်သာယာရေးအဖွဲ့၏ အာရုံစိုက်မှု အားနည်းပြီး တံတားများအား ပြုပြင်ထားခြင်းမရှိသည့် အတွက်ကြောင့်ပင်ဖြစ်သည်။
၎င်းချောင်း မှာ ရေစီးပြင်းထန်သည့် နေရာတစ်ခုဖြစ်သဖြင့် မတော်တဆ ပြိုကျသွားမည်ကိုလည်း မြို့သူမြို့သားများ စိုးရိမ်နေ ကြကြောင်း သိရသည်။
ထို့ကြောင့် ဗန္ဓုလတံတားအား အသစ်ပြန်လည် ဆောက်လုပ်ပေးရန် လိုအပ်နေပြီး ယခုနှစ်မိုးရာသီတွင် တံတားဟောင်းပြို ကျနိုင်ခြေ ရှိနေကြောင်းနှင့် အဆိုပါတံတား ပြိုကျပါက တံတားအသစ်မှာလည်း ပျက်စီးသွားသွားမည်ဖြစ်ကြောင်း၊ မြောက်ဦး မြို့တွင်းတွင် ယင်းသို့ ပြိုကျမည့် အန္တရာယ်နှင့်ကြုံတွေ့နေရသည့် တံတားအများအပြား ရှိနေပြီး အမြန်ဆုံးဆောက်လုပ်ရန် လိုအပ်နေသော တံတားများမှာ ဗန္ဓုလတံတား၊ ဝါဈေးတံတား၊ ကန်လှတံတား၊ ရေပေါက်ဝတံတား၊ တို့ဖြစ်သည်။
ဝါဈေးတံတားမှာ လွန်ခဲ့သည့်နှစ်က ဆောက်လုပ်ခဲ့သည့်တံတား ဖြစ်သ်ာလည်း ချောင်းကို ကျဉ်းအောင်ဘေးနှစ်ဖက်ကို မြေဖို့ ကာ ချောင်းဧရိယာ၏ သုံးပုံနှစ်ပုံကိုသာ တံတားဆောက်လုပ်ထားခြင်းဖြစ်သဖြင့် ဘေးနှစ်ဖက်မှ အသစ်ဖို့ထားသည့် မြေများ မှာ လျော့ဆင်းလာကာ တံတားမှာလည်း ခိုင်ခံ့မှုမရှိသည့်အတွက် အန္တရာယ်ဖြစ်စေနိုင်သည့် အခြေအနေရှိနေကြောင်း မြောက်ဦး မြို့ခံများ၏ ပြောပြချက်အရ သိရသည်။
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)
