တောင်ကုတ်တွင် ရခိုင်ပြည်လုံးဆိုင်ရာ လူမှုကွန်ယက် အစည်းဝေးကျင်းပမည်

ရခိုင်ပြည်နုယ်တောင်ကုတ်မြို့တွင် ရခိုင်ပြည်လုံးဆိုင်ရာ လူမှုကွန်ယက် အစည်းဝေးကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိ သည်။ အဆိုပါအစည်းဝေးကို တောင်ကုတ်မြို့နယ် လူမှုကွန်ယက်အဖွဲ့မှ ဦးဆောင်ကျင်းပမည်ဖြစ်ပြီး ဒီဇင်ဘာလ (၁၅) ရက်နေ့မှ (၁၆) ရက်နေ့ထိ နှစ်ရက်တိုင်တိုင် ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း Arakan Review မှ သတင်းရရှိသည်။ ၄င်းအစည်းဝေးမှာ ရခိုင်ပြည်လုံးဆိုင်ရာ လူမှုကွန်ယက်အစည်းဝေးတစ်ရပ် ဖြစ်ပြီး အစည်းဝေးသို့ ရခိုင်ပြည်ရှိမြို့နယ်အားလုံးမှ လူမှုကွန် ယက်အဖွဲ့များ၊ လူငယ်ကွန်ယက်အဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ ပါဝင်မည်ဖြစ်ပြီး တစ်မြို့နယ်မှ ကိုယ်စားလှယ် (၂) ဦးစီ ဖိတ်ခေါ်သွားမည်ဖြစ်သည်။ “အခုလို အစည်းအဝေးပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ရခိုင်ပြည် ဒေသအသီးသီးမှာ ရှိနေကြတဲ့ မြို့နယ်တွေ အားလုံး ချိတ်ဆက်မိလာစေဖို့၊ သတင်းအချက်အလက်တွေကို အလွယ်တကူ မျှဝေရရှိစေဖို့ စတဲ့ အချက်တွေကို အခြေခံ ရည်ရွယ်ပြီးတော့ လုပ်ရတာ ဖြစ်ပါတယ်။ နောက်ပြီးတော့ အစည်းအဝေးက ချမှတ်လာမယ့် ဆုံးဖြတ်ချက်တွေကို လက်တွေ့အကောင်အ ထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပြီးတော့ ရခိုင်တပြည်လုံးအရေးကို လိုက်ပါဆောင်ရွက်နိုင်ဖို့ ရခိုင်လူမှုကွန်ယက်အသင်း တသင်းကို မြို့နယ်ပေါင်းစုံ ကိုယ်စားလှယ်တွေရဲ့ သဘောတူညီချက်အရ တရားဝင်ဖွဲ့စည်းသွားဖို့ထိ ရည်ရွယ်ပါတယ်” ဟု အစည်းဝေးဖြစ်မြောက်ရေး ကော်မတီနှင့်နီးစပ်သူ ကိုဦးကျော်သိန်းက Arakan Review သို့ ပြောသည်။ နိုဝင်ဘာလ (၂၄-၂၅) ရက်နေ့ကလည်း ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ရခိုင်လူငယ် ဖိုရင်တစ်ခုကို ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ကာ ၄င်းဖိုရင်ကို ဝံလက် ဒေသဖွံ့ဖြိုးရေ ဖောင်ဒေးရှင်းက ဦးဆောင်ကျင်းပ ပြုလုပ်သွားကြောင်းလည်းသိရသည်။

SHARE THIS
Previous Post
Next Post