ဒီဇင်ဘာလ ၂၆ ရက်
ဘယ်သူအမိန့်နဲ့လို့ မပြောပေမယ့် စည်ပင်မှ လူအင်အားသုံးပြီး တောင်ဒဂုံမြို့နယ်မှ ဆိုင်ခန်းပေါင်း နှစ်ရာကျော်ကို တစ်နေ့တည်း ဖျက်သိမ်း။
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်၊ အမှတ် ( ၁၇-၁၈-၁၉ ) ရပ်ကွက်စသော ရပ်ကွက်များကို ဖြတ်သန်း ရာ မောင်းမကန်လမ်း၊ ဧရာဝဏ်လမ်းနှင့် ဆောက်လုပ်ရေးမှတ်တိုင် တောက်လျှောက်
ဆိုင်ခန်းများကို ဒီဇင်ဘာ ၂၃- ရက်နေ့က စတင်ကာ လူအင်အား (၃၀) ကျော်လောက်နဲ့ စည်ပင်သာယာရေးအဖွဲ့မှဆိုပြီး ဖျက်သိမ်းသွားခဲ့ သည်ဟု အဖျက်ဆီးခံရသော ဆိုင်ပိုင်ရှင်များက ပြောသည်။
"မနက် ၁၀း၀၀ လောက်က ဖျက်ပေးဖို့လာပြောပြီး ၂း၃၀ နာရီလောက်မှာ လူအင်းအားအသုံးပြုပြီး လူအုပ်နဲ့ လာဖျက် တာပဲ၊ အပျက်အစီးနည်းအောင် ကျွန်တော့ဘာသာ ဖျက်မယ်ပြောတာလဲ မရဘူး" ကျွန်တော်တို့ဘာသာဖျက်ရင် ပစ္စည်းကောင်းတွေ ပြန်ရနိုင်တယ်။
သူတို့လုပ်သွားတဲ့ပုံစံက ရန်သူကို နှိပ်စက်သလို ဆိုင်ကို ဖျက်ဆီးသွားကြတာ ကာလတန်ဖိုး သုံးသိန်းဖိုးလောက်ရှိသည်"ဟု မောင်မကန်လမ်းဘေးရှိ တောင်ဒဂုံမြို့နယ်။အမှတ် ၁၈- ရပ်ကွက် အောင်သရဖူစားသောက်ဆိုင်ပိုင်ရှင် ကိုညွန့်ဝင်းက ပြောသည်။
ကားသုံးစီး၊ဆိုင်ကယ် ၁၅ စီးနဲ့ လူအင်အား ၃၀ ကျော်လောက်က စည်ပင်ကဆိုပြီး ဖျက်လို့ရတဲ့ဆိုင်များကို ဖျက် ဆီးသွားပြီး၊ ဖျက်ရဲဖျက်ကြည့် မင်းတို့ဖျက်ရင် ငါကိုယ်တိုင် ဓားနဲ့ ထွက်ခုတ်မယ်ဟု ပြန်ပြောသော ဆိုင်များကို တော့ ဆက်မဖျက်တော့ဘဲ ပြန်လည် ထွက်သွားသည်ဟုေ
မာင်မကန်လမ်းဘေးလက်ဝဲ၊လက်ယာတွင် နေထိုင် ကြသော ဒေသခံများက ပြောသည်။ ပြောသည့်အတိုင်းလည်း မောင်းမကန်လမ်းတွင် လက်ဖက်ရည်ဖွင့်ထား သော လရိပ်ချိုဆိုင်ကို စည်ပင်တို့ မဖျက်ဆီးရဲဘဲ ပြန်လှည့်ထွက်သွားခဲ့သည်ဟု ဆိုင်ပိုင်ရှင် ဦးလှကျော်က ပြောသည်။
ကျွန်တော်ဆိုင်ကို လာဖျက်တဲ့အခါ ဘာဖြစ်လို့ ဖျက်တာလဲမေးတော့ စည်ပင်နယ်နမိတ်နဲ့ မလွတ်လို့ ပြောလာလို့ အဲလိုပြောရအောင် ကျွန်တော်တို့ဆိုင်က ပလက်ဖောင်းပေါ်တက်ရောင်းတာလဲ မဟုတ်ဘူးဟု ၄င်းကထက်ရှင်းပြသည်။
အဆိုပါကိစ္စကို သက်ဆိုင်သောမြို့နယ် စည်ပင်သာယာရေးကို မေးမြန်းစုံးစမ်းတော့လည်း ပြန်လည် ဖြေကြား ခြင်းမရှိခဲ့ပါ။ မြို့နယ် NLD ပါတီဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးညီညီကိုယ်တိုင် မြို့နယ်စည် ပင်ကို စုံးစမ်းပေးခဲ့သော်လည်း တိကျသော အဖြေကို မရဟု ပြောသည်။
"ကျွန်တော်တို့တွေလည်း စည်ပင်ကို မေးပါတယ် ဘာကြောင့်လည်းဆိုတာကိုတော့ သူတို့ မပြောနိုင်ဘူး၊ တကယ်တမ်းဆိုရင် စနစ်တကျလုပ်သင့်ပါ တယ်။ စည်းကမ်းရှိရှိ လုပ်သင့်ပါတယ်။ ကြိုတင်အကြောင်းကြားသင့်ပါတယ်''ဟု ဆက်လက်ပြောပြသည်။
ဖျက်ဆီးခံရတဲ့ဆိုင်များကတော့ နတ်စင်လမ်းထိပ်ကနေဆိပ်ကမ်းမြို့နယ်ထိ ဆိုင်ခန်းပေါင်း ၂၀၀ ကျော်လောက် ရှိပြီး၊ ဖျက်ဆီးခံလိုက်ရတဲ့ဆိုင်အများစုကတော့ လက်ဘက်ရည်ဆိုင်၊ စားသောက်ဆိုင်၊ ဆေးဆိုင်၊ ကုန်စုံဆိုင်၊ အထည်ဆိုင်၊ လက်သုတ်ဆိုင်၊ ကွမ်းယာဆိုင်၊ အကြော်ဆိုင်ဖြစ်သည်။
ယင်းကဲ့သို့ စည်းမဲ့ကမ်းမဲ့လူအင်အားသုံးပြီး တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ဆိုင်တွေကို လိုက်ဖျက်ဆီးခံလိုက်ရ တဲ့ ဆိုင်ပိုင်ရှင် တစ်ရာကျော်လောက်က လက်မှတ်ရေးထိုးပြီး ကူညီဖြေရှင်းပေးရန်အတွက်လည်း တောင်ဒဂုံမြို့ နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးသို့ တိုင်ကြားထားကြောင်းသိရှိရသည်။
(သတင်း/ဓါတ်ပုံ - လင်းဆက်)
နစ်နေမန်း
from thit htoo lwin blog
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)
