ဟီရိုရှီးမားမြို့၊ အနုမြူဗုံး ကျဲချခံရသော်လည်း မသေဘဲကျန်တဲ့ ကျောင်းသား (၃) ဦးကို ဒေါက်တာဘွဲ့ပေးမည်




ဒုတိယ ကမ္ဘာစစ်အတွင်း ဂျပန်နိုင်ငံဟီရိုရှီးမားမြို့ကို အမေရိကန် လေတပ်က အနုမြူဗုံးချိန်မှာ အသက်မသေဘဲ ကျန်ခဲ့တဲ့ အရှေ့တောင်အာရှ ကျောင်းသား သုံးဦးကို honorary doctorates ဂုဏ်ထူးဆောင် ပါရဂူဘွဲ့တွေ ချီးမြှင့် သွားမယ်လို့ ဟီရိုရှီးမားတက္ကသိုလ်က ကြာသပတေးနေ့မှာ ကြေညာလိုက် ပါတယ်။

အနုမြူဗုံးကျချိန်မှာ အသက်ရှင်ကျန်ရစ်တဲ့ အရှေ့တောင်အာရှ ကျောင်းသား သုံးဦးဖြစ်တဲ့ ဘရူနိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း ယူဆပ်ဖ် Pengiran Yusuf, အသက် ၉၁နှစ်၊ အင်ဒိုနီးရှားပါလီမာန်အမတ်ဟောင်

ရာဟာယာ Hasan Rahaya အသက် ၉၁နှစ်နဲ့ ဂျပန်စာဆရာအဖြစ် အသက် မွေးဝမ်းကျောင်း ပြုခဲ့သူ မလေးရှားနိုင်ငံသား အပ်ဘဒူ ရာဇတ် Abdul Razak အသက် ၈၇နှစ် တို့ဖြစ်ကြောင်း သိရသည်။ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့များကို ရှေ့နှစ်ထဲ ပေးပို့ အပ်နှင်းသွားမည်ဟု ဆိုသည်။

သူတို့ ၃ဦးမှာ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန် သိမ်းပိုက် ကျွန်ပြုခဲ့သည့် နိုင်ငံ များမှ ကျောင်းသားများဖြစ်သည်။ ထိုအချိန်က ဂျပန်စစ်အစိုးရသည် ဂျပန်အား အထောက်အကူဖြစ်စေမည့် ပညာတတ်များ မွေးထုတ်ရန်

အရှေ့တောင် အာရှမှ ကျောင်းသား တချို့ကို ဂျပန်တက္ကသိုလ်အသီးသီးတွင် ပညာတော်သင်များ အဖြစ် ခေါ်ယူ သင်ကြားပေးခဲ့ရာတွင် သူတို့ ၃ဦးပါဝင် ခဲ့သည်။

ဟီရိုရှီးမား အနုမြူ ဗုံးဒဏ်ကြောင့် အသက်ရှင်ကျန်သူ နိုင်ငံခြားကျောင်းသား ၉ ဦးထဲတွင် သူတို့ ၃ဦးပါဝင်သည်။ အနုမြူဗုံးကြောင့် ရေဒီယိုသတ္တိကြွ ဓါတ်များ၏ဒဏ်ခံရ
အနုမြူဗုံး ကျဲချခံရအပြီး မြင်တွေ့ရသည့် ဟီရိုရှီးမားမြို့

Post From Burma-Newselite
from thit htoo lwin blog

SHARE THIS