အများစု သိထားတာက ၂၀ ရာစုရဲ့  အကြီးမားဆုံး ရေကြောင်း အက်ဆီးဒန့် ဖြစ်တဲ့ တိုက်တန်းနစ်ဟာ နှစ်မြှုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ သို့ပေမယ့် တကယ် မနှစ်မြှုပ်ခဲ့ဘူးဆိုတာကိုလည်း အင်ဂျင်နေယာ Robin Gardiner က သက်သေပြခဲ့ပါတယ်။
သူ့ရဲ့ Titanic: The Ship That Never Sank? အမည်ရ စာအုပ်နဲ့ ဖြစ် ပါတယ်။ အမှန်တော့ တကယ် နှစ်မြှုပ်သွားတဲ့ သင်္ဘောက Olympic အမည်ရ တိုက်တန်းနစ်ရဲ့  မောင်နှမ သင်္ဘော (Sister ship) ဖြစ်ပါတယ်။ Sister ship ဆိုတာ အရွယ်အစားရော၊ အတွင်းအပြင်ရော အားလုံးနီးပါး တူတဲ့ သင်္ဘောကိုခေါ်ခြင်း ဖြစ်ပါတယ်။ Olympic သင်္ဘောက အသက်ပိုကြီး ပါတယ်။
Olympic ကို တိုက်တန်းနစ်နဲ့ အတူတူ တည်ဆောက်ပြီး ၁၉၁၀၊ အောက် တိုဘာလမှာ ရေချပါတယ်။ တိုက်တန်းနစ်ထက် အများကြီး စောပါတယ်။ ပင်လယ်မှာ တာဝန်ထမ်းဆောင်ရင်း ၁၉၁၁၊ စက်တင်ဘာလ ၂၀ ရက်နေ့ကျတော့ ဗြိတိန်တော်ဝင်ရေတပ် သင်္ဘော ဖြစ် တဲ့ HMS Hawke နဲ့ တိုက်မှု ဖြစ်ပွားပါတယ်။
နှစ်စင်းလုံး မမြှုပ်ပေမယ့် ကြီးကြီးမားမား ဒဏ်ရာကိုယ်စီ ရရှိခဲ့ကြပါတယ်။ အိုလံပစ် သင်္ဘော ဆိုရင် အောက်ခြေနဲ့ ဘေးကိုယ် ထည်တွေ တော်တော်လေး ပျက်ဆီး သွားပါတယ်။ ယင်းတိုက်မှုမှာ အပြစ်ရှိသူကလည်း အိုလံပစ် သင်္ဘော ပဲ ဖြစ်ပါတယ်။
ဒီတော့ အိုလံပစ် သင်္ဘောက အာမခံ လျော်ကြေးငွေ မရတော့ပါဘူး။ ကုမ္မဏီ အနေနဲ့ကတော့ အာမခံလျော်ကြေးငွေ ရရှိလိုဆဲ ဖြစ်ပါတယ်။ အသစ်ဆက်ဆက် တိုက်တန်းနစ်ကို အိုလံပစ်ဆိုတဲ့ အမည်ပြောင်းပေးလိုက် ပါတယ်။ အိုလံပစ်ကို တိုက်တန်းနစ် သင်္ဘောအဖြစ် နာမည်ပြောင်းပေး လိုက် ပြီး ခရီးများများ သွားခိုင်းမှာ ဖြစ်ပါတယ်။
ဒါကြောင့် အမေရိကန်ကို ခရီးသွားဖို့ ကြုံရပါတယ်။ အားလုံးနီးပါး ဆင်တူယိုးမှာ ဖြစ်အောင် အတတ်နိုင်ဆုံး ပြင်ဆင်ခဲ့ ပါတယ်။ ဒီတော့ တိုက်တန်းနစ်အဖြစ် ဟန်ဆောင်ပြီး ခရီးသွားတဲ့ အိုလံပစ်က မခိုင်တော့တဲ့ အတွက် ကြိမ်းသေ တစ်ခုခု ဖြစ်နိုင်တယ်ဆိုတာ ကြိုတွက်ပြီးသား ဖြစ် ပါတယ်။
၁၉၁၂ ဧပြီလ ၁၄ ရက်မှာ တကယ်ပဲ နှစ်မြှုပ်သွားပါတယ်။ အားလုံးက တိုက်တန်းနစ်လို့ပဲ သိထားကြပါတယ်။ ခရီးသည်ရော၊ သင်္ဘောသားတွေရော၊ သေဆုံးသူရဲ့  မိသားစုဝင် အသီးသီးရော၊ ကုမ္မဏီရော အားလုံး အသီးသီလျော်ကြေးငွေ ရရှိပါတယ်။ တိုက်တန်းနစ် ဟာ ဘယ်တော့မှ မမြှုပ်နိုင်တဲ့ သင်္ဘောလို့ အားလုံးက အသိအမှတ်ပြု လက်ခံထားပေမယ့် တကယ် နှစ်မြှုပ်သွားခဲ့လို့ ဖြစ်ပါတယ်။
သို့ပေမယ့် တိုက်တန်းနစ် ပိုင်ရှင် White Star Line ကုမ္မဏီ ဟာ ယနေ့မှာ ဆိုရင် ဗြိတိန်ပေါင် ၃၄ သန်းမကတဲ့ အကြွေးမြီနဲ့ နာမည်ဆိုး ကျန်ခဲ့စေ ပါတယ်။ ယနေ့တိုင် ရုံးဖွင့်ထားသေးပေမယ့် ဒေ၀ါလီ ခံရတော့မယ် ကုမ္မဏီ ဖြစ်ပါတယ်။
တိုက်တန်းနစ် သင်္ဘော တကယ် မမြှုပ်ပဲ သူ့နဲ့ ဆင်တူ Olympic သင်္ဘောမြှုပ် သွားတယ်ဆိုတာကို Titanic: The Ship That Never Sank? အမည်ရ စာအုပ်မှာ လေ့လာတွေ့ရှိနိုင်ပါတယ်။
----
Ref: wiki
International news for myanmar
from Thit Htoo lwin blog
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)
