Posted on Dec 22 12
မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်သည် အိန္ဒိယနိုင်ငံရှိ သီပေါမင်း၏ ဂူဗိမာန်သို့ ယနေ့ (ဒီဇင်ဘာ ၂၂ ရက်) သွားရောက်ခဲ့သည်။ သီပေါမင်းသည် မြန်မာဘုရင်စနစ်၏ နောက်ဆုံးဘုရင်ဖြစ်ပြီး ၁၈၈၅ ခုနှစ်တွင် မြန်မာနိုင်ငံအား အင်္ဂလိပ်တို့ သိမ်းပိုက်ပြီးနောက် သီပေါမင်းကို အိန္ဒိယသို့ ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။
သီပေါမင်းသည် အသက် ၅၇ နှစ်အရွယ် ၁၉၁၆ ခုနှစ်တွင် နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ သမ္မတဦးသိန်းစိန်သည် အိန္ဒိယနိုင်ငံ အနောက်ပိုင်း ရတနာဂီရိ (Ratnagiri) မြို့ရှိ သီပေါမင်း၏ ဂူဗိမာန်သို့ လာရောက်သော ပထမဆုံး မြန်မာခေါင်းဆောင်တစ်ဦးလည်းဖြစ်ကြောင်း Bangkok Post တွင် ဖော်ပြသည်။
Photo From :Planet Myanmar Network
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)
