မိုးကောင်းတုန်းရွာထားကြသည့် အစိုးရဌာများမှ ၀န်ထမ်းများ

ခေတ်ပျက်ကြီးထဲတွင် လုပ်ပိုင်ခွင့်ဟုထင်သော ဌာနဆိုင်ရာများသည် မိုးကောင်းတုန်းရွာနေကြသည်ကိုတွေ့ရ သည်မှာ မဆန်းတော့ပြီဟုဆိုသော်လည်း အစိုးရဌာနတစ်ချို့တွင် လုပ်ပိုင်ခွင့်များကို အသုံးချနေခြင်းများစွာရှိ နေသည်ကို အစိုးရအဖွဲ့များသိအောင်တင်ပြခြင်းဖြစ်ပါသည်။ မြေစာရင်း ရုံးတွင် ပုံစံ ၁၀၅ မြေပုံရေးဆွဲပါက အနည်းဆုံး ငါးသောင်းမှ ရှစ်သောင်းအထိ ပေးဆောင်ရသည်။ ရက်ကြာလျင် ရက်ကြာကြေးအဖြစ် လည်း အနည်းဆုံး ၃ သောင်းခန့်ပေးဆောင်ရကြောင်းသိရသည်။ လျှောက် လွှာ တစ်စောင်လျင် ငါးထောင်ကျပ်ပေးဆောင်နေရသည့်အပြင် အိမ်ရောင်းအိမ်ဝယ် မြေပုံဆွဲလျင်လည်း ၈ သောင်းမှ တစ်သိန်းထိပေးဆောင်နေရကြောင်းသိရသည်။ ထို့အပြင် အလွတ်သဘောဖြင့် ငွေကျပ် ၂ သိန်းကျပ် ကိုလည်း မြေစာရင်းဌာတွင် သက်ဆိုင်သူများကိုပေးသွင်းမှသာလျင် ရောင်းဝယ်နိုင်ကြောင်းလည်းသိရသည်။ ထို ၂ သိန်းကျပ်မှာ စာချုပ်ချုပ်ဆိုခြင်းအထိမ်းအမှတ်ဖြင့်ပေးဆောင်ရခြင်းဖြစ်ပြီး ကွင်းဆင်းစစ်ဆေးခအဖြစ် ငါး သောင်းကျပ်ထပ်မံပေးဆောင်ရကြောင်းလည်းသိရသည်။ ထိုသို့ပြုလုပ်ခြင်းသည် သန့်ရှင်းသော အစိုးရတစ်ရပ်၏ ပြုမူလုပ်ဆောင်ခြင်းမျိုးမဟုတ်သည့်အပြင် ပြည်သူပြည် သားများအား နိုင်ထက်စီးနင်းပြုကျင့်နေသောအဖွဲ့အစည်းများသာဖြစ်သဖြင့် ပြုပြင်ပြောင်းလဲရေးဆိုသည်မှာ ထိုကဲ့သို့ ပြုလုပ်ခြင်းကို ဆိုလိုသလားဟု မေးမြန်းလိုပါသည်။ ဒီနည်းတူစွာဘဲ တံဆိပ်ခေါင်းဝယ်ယူတဲ့အခါမှာလည်း အခွန်ဌာနကတန်ဖိုးသတ်မှတ်ပြီးမှ တံဆိပ်ခေါင်းကို ရောင်း ချပြီး အခွန်ဌာနနှင့်မြေစာရင်းတို့ချိတ်ဆက်ခြင်းအားနည်းကြောင်းနှင့် စာချုပ်ချုပ်ဆိုမှုများတွင်လည်း အ အဆင်မပြေမှုများကို ရင်ဆိုင်နေကြရကြောင်းလည်းသိရသည်။ သန့်ရှင်းသော အစိုးရဌာနများဖြစ်ရန်နှင့် လဒ်စားမှုပပျောက်ရေးလုပ်ငန်းများကို လုပ်ဆောင်နေကြသူများအား အစိုးရအနေဖြင့် တရားဥပဒေအရ အရေးယူဆောင်ရွက်ပေးပါရန် တိုက်တွန်းရေးသားလိုက်ခြင်းဖြစ်ပါသည်။ ယခုရေးသော သတင်းများနှင့်ပတ်သက်ပြီး လာဒ်စားသူများနှင့်၏ အမည်စာရင်းများကို အသံဖိုင်နှင့်တကွ RSV မှ ရရှိထားပြီးဖြစ်သဖြင့် လိုအပ်ပါက အစိုးရအဖွဲ့သို့တင်ပြသွားရန် စီစဉ်ထားရှိပါသည်။ လာဒ်စားမှုပါပျောက်ရေးနှင့် ပြည်သူများအပေါ် မတရားဖိနှိပ်ခြင်းများပပျောက်နိုင်ပါစေဟု ရည်ရွယ်ချက်ဖြင့်ရေး သားလိုက်ရခြင်းဖြစ်ပါသည်။
From : RSV

SHARE THIS
Previous Post
Next Post