မြန်မာအစိုးရတပ် ခလရ(၁၀) ကျဆုံးခြင်း

December 18, 2012 by Myitkyina news ဒီဇင်ဘာလ(၁၆)ရက်နေ့ မနက်(၁၁)နာရီခန့်တွင် ပန်ဝါဒေသတွင်ဖြစ်ပွားသောတိုက်ပွဲတွင် တပ်မ(၈၈) လ က်အောက်ခံ၊ စကုမြို့အခြေစိုက် ခလရ(၁၀)မှ ယာယီတပ်ရင်းမှူး ဗိုလ်မှူးခင်ထွန်းအောင် နှင့် တပ်ခွဲမှူး ဗိုလ်ကြီးကျော်စွာအေး နှင့် အခြားအဆင့်(၆)ဦး အပါအ၀င် ကျဆုံးသူ(၈)ဦးရှိခဲ့သည်။ ဗိုလ်သန်းဇော်ဦး အပါအ၀င် အခြားအဆင့်ပေါင်း(၂၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။ ဒီဇင်ဘာလ(၁၆)ရက် တိုက်ပွဲတွင် ခလရ(၁၀)တပ်ရင်းအတွက် ပြုန်းတီးအင်အား(၃၀)ကျော်သွားခဲ့ရကြောင်း သိရှိရသည်။ ခလရ(၁၀)တပ်ရင်းသည် နိုဝင်ဘာလ အတောအတွင်း ၀ိုင်းမော်မြို့နယ်နှင့် ဆဒုံးမြို့နယ်အတွင်းရှိ KIA တပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်ရာတွင် အတန်အသင့် အကျိုးအမြတ်ရအောင် ဖေါ်ဆောင်နိုင်ခဲ့သဖြင့် ဗျူဟာမှူး၊ တပ်မမှူး တို့မှ ချီးမွမ်းဂုဏ်ပြုခံရသောတပ်ရင်း ဖြစ်ခဲ့သည်။ ပန်ဝါဒေသတွင် ထိုးစစ်ဆင်နေသော တပ်မ(၈၈) လက်အောက်ခံ ခမရ(၁၃) ခလရ(၇၇) ခမရ(၃၀၁) တို့ ထိခိုက်ကျဆုံးကာ ဆိုးရွားနေသဖြင့် ဂုဏ်ပြုခံရသော ခလရ(၁၀)တပ်ရင်း သည် ပန်ဝါဒေသသို့ ဒီဇင်ဘာလ (၈)ရက်နေ့တွင် ပို့ဆောင်ခြင်းခံခဲ့ရသည်။ ချီးမွမ်းမြောက်စားခံရကာ စစ်သွေးကြွတက်နေသော ခလရ(၁၀) တပ်ရင်းမှူး သည် နယ်မြေကျွမ်းကျင်မှု မရှိသော ပန်ဝါဒေသရှိ KIA တပ်စခန်းကို သိမ်းပိုက်နိုင်ရေးအတွက် တဇွတ်ထိုးတိုက်စစ်ဆင်ရာမှ KIA တို့၏ ခုခံတိုက်ခိုက်မှုကိုခံရကာ မရှုမလှ ရှုံးနိမ့်ပျက်ပြား ခဲ့ရခြင်းဖြစ်သည်။

SHARE THIS
Previous Post
Next Post