အိမ်ထောင်စု(၁၄)စု မီးဘေးဒုက္ခသည်များဆီသို့ ရခိုင်အမျိုးသားလူမှုကယ်

 
ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ် အမှတ်(၁၈)ရပ်ကွက် (က) သရဖီလမ်း ရှိ (၁၅.၁၂.၂၀၁၂)ရက်နေ့ ညနေ့(၁း၃၀)နာရီအချိန်တွင် အိမ်ခြေပေါင်း(၁၄)အိမ် မီးလောင်ပျက်စီးခဲ့ကြောင်းသိရသည်။ အဆိုပါအိမ်မီးလောင်မူဖြစ်ပေါ်ရာတွင် အိမ်အမှတ်(၁၀၅) မှ စတင်လောင်ခဲ့ကြောင်း အရန်မီးသတ်ဦးစီဌာန ကိုသူတော်က ပြောဆိုခဲ့ပါသည်။ အဲဒီမီးလောင်ရာတွင် (၁၀)တန်
းကျောင်းသားလေး ထမင်းချက်ရာတွင် စတင်လောင်ကျွမ်းခဲ့ကြောင်းသိရသည်။ ယနေ့ ညနေ့ (၄း၃၀)နာရီ (၁၈.၁၂.၂၀၁၂)ရက်နေ့ ရခိုင်အမျိုးသားလူမှုကယ်ဆယ်ရေးအဖွဲ့ တို့ က တစ်အိမ် ထောင်လျှင်အလှူငွေကျပ် (၁၀၀၀၀)ကျပ်နူန်းဖြင့် အိမ်ထောင်စု(၁၄)စု အား အ၀တ်အထည်ပစ္စည်းများလှူဒါန်း ခဲ့ကြောင်းသိရသည်။ ရခိုင်အမျိုးသားလူမှုကယ်ဆယ်ရေးအဖွဲ့ အထွေထွေအတွင်းရေးမှူး ကိုကျော်အေးမောင် နှင့် ကိုသန်းဆွေ တို့က အိမ်လောင်ဒုက္ခသည်များအား ယနေ့ကိုယ်တိုင်းလှူဒါန်းခဲ့ကြောင်းသိရသည်။ မီးလောင်ဒုက္ခသည်များ အိမ်ထောင်စု(၁၄)စု အတွက် မူလတန်း(ရ)ယောက် အထက်တန်း(၃)ယောက်နှင့် တက္ကသိုလ်(၂)ယောက် အိမ်ထောင်စုပေါင်း(၁၄)စု လူဦးရေပေါင်း(၇၉)ယောက် စုစုပေါင်းကျား(၄၄)ယောက် စုစုပေါင်း မ - ၄၄-ယောက် တို့အတွက် လိုအပ်သော ပစ္စည်းများလှူဒါန်းနိုင်ရန် (ရခိုင်အမျိုးသားလူမူကယ်ဆယ် ရေးအဖွဲ့မှ တဆင့် အသိပေးတိုက်တွန်းအပ်ပါသည်။

SHARE THIS
Previous Post
Next Post