ယနေ့ (ဒီဇင်ဘာ ၂၀) ညနေ (၄)နာရီခန့်မှ စတင်ကာ ၄ နာရီခွဲ အချိန်ထိ ဈေးချိုတော်အနီးတွင် ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့ဟုခေါ်သည့် အဖွဲ့တစ်ခုမှ
ကိုထင်ကျော် ဆိုသူက တစ်ကိုယ်တော် လမ်းလျှောက်ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်ခဲ့သည်။
အစိုးရ၏ လိုအပ်ချက်များ၊ လစ်ဟာမှုများ၊ မမျှတသည့်တရားဥပဒေများကို လမ်းတစ်လျှောက်ကြွေးကြော်ခဲ့ပြီး ကတိမတည်သော ပြည်ထောင်စုအစိုးရဟု
ခေါင်းတပ်ထားသည့် စာရွက်များကိုလည်း လမ်းတလျောက် ဝေငှခဲ့သည်။ ၄င်းက စီတန်းလှည့်လည်ခွင့်ဆိုင်ရာ နည်းဥပဒေပါ စာရွက်ကိုလည်း
ကိုင်ဆောင်ဆန္ဒထုတ်ဖော်ခဲ့သည်။
လက်ပန်းတောင်အကြမ်းဖက်ဖြိုခွင်းမှူကိစ္စကိုလည်း နောက်ကွယ်မှကြိုးကိုင်သူများကို ဖော်ထုတ်ပေးရန်လည်း တောင်းဆိုခဲ့သည်။
ထို့နောက် ညနေ(၄း၃၀)ခန့် ၈၄ လမ်း ၂၉ လမ်းနှင့် လမ်း ၃၀ ကြားတွင် ဆန္ဒထုတ်ဖော်ထုတ်မှုကိုရပ်နားကာ အသင့်လာကြိုသည့်ကားပေါ်တက်သွားခဲ့သည်။
ဓာတ်ပုံ- ညီညီဇော်
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)
